
ဘိုလစ်ဗီးယားသမ္မတ အီဗိုမိုရာလေး ရာထူးမှ နုတ်ထွက်ခဲ့မှုကြောင့် အာဏာလေဟာနယ် ဖြစ်နေမှုကို ဖြည့်ဆည်းရန် ကြိုးပမ်းနေသော ကြားဖြတ်သမ္မတ ဂျာနီနန်အာညက်ဇ် က နိုဝင်ဘာ ၁၃ တွင် အစိုးရအဖွဲ့ဝန်ကြီး ၁၁ ဦးစာရင်းအား ထုတ်ပြန်ခဲ့ပြီး စစ်ဘက်ထိပ်တန်းတပ်မှူးသစ်ကိုလည်း ခန့်အပ်ခဲ့သည်။ ယင်းအချိန်တွင် မိုရာလေးက နိုင်ငံငြိမ်းချမ်းရေး ရရှိစေရန်အတွက် မက္ကဆီကိုတွင် ခိုလှုံနေရာမှ နိုင်ငံသို့ပြန်လာရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၂ တွင် ကြားဖြတ်သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာခဲ့သော အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သည့် အသက် ၅၂ နှစ်ရှိ အာညက်ဇ်က ဖြစ်နိုင်သမျှ အချိန်တိုအတွင်း ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သမ္မတနန်းတော်၌ သတင်းစာရှင်းလင်းပွဲတွင် ကတိပြုခဲ့သည်။
အာညက်ဇ်က သံတမန်ဟောင်း ကာရင်လိုဂါရီအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် လည်းကောင်း၊ လက်ယာယိမ်း အထက်လွှတ်တော်အမတ် အာသာရိုမာရီလိုအား ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခဲ့သည်။ အတိုက်အခံများ အင်အားကောင်းသော ချမ်းသာသည့် နိုင်ငံအရှေ့ပိုင်း ဆန်တာခရုဇ်ပြည်နယ် ဒေသဆိုင်ရာ အစိုးရအဖွဲ့တွင် လုပ်ကိုင်နေသော ဟိုဆေးလူးဝစ်ပါရာဒါအား စီးပွားရေးဝန်ကြီးအဖြစ် အာညက်ဇ် က ခန့်အပ်ခဲ့သည်။
ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူမှုသည် အာဏာသိမ်းမှုဖြစ်ကြောင်း မိုရာလေး၏ စွပ်စွဲမှုအား ပယ်ချလျက် အာညက်ဇ်က ဘိုလစ်ဗီးယားတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်း မရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစားထိုးမှု ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနိုင်ငံတွင် တစ်ခုတည်းသော အာဏာသိမ်းမှုအား အီဗိုမိုရာလေးကသာ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ရည်ညွှန်းလျက် အာညက်ဇ်က ပြောကြားခဲ့သည်။
မိုရာလေးသည် ထိုပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြောင့် သမ္မတအဖြစ် ပြန်လည် ရွေးကောက်ခံမှုမှ ပိတ်ပင်ခံခဲ့ရသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ထိုပိတ်ပင်ခံရမှုအား ပယ်ဖျက်ပေးခဲ့သည်။
မိုရာလေးအား ပြီးခဲ့သော သီတင်းပတ်ကုန်တွင် စွန့်ခွာခဲ့ကြသော စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ဒီမိုကရေစီနည်းကျ စီစဉ်မှုများအား အာညက်ဇ်က ချီးကျူးခဲ့သည်။
အာညက်ဇ်အား ဆန့်ကျင်ရန်အတွက် သမ္မတနန်းတော်သို့ ချီတက်ခဲ့ကြသော မိုရာလေးအား ထောက်ခံသူ ရာပေါင်းများစွာသည် အဓိကရုဏ်းနှိမ်နင်းရေး ရဲများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ ဆန်တာခရုဇ်အနီး ရွာတစ်ရွာတွင် မိုရေးအား ထောက်ခံသူများနှင့် ရဲများအကြား ပဋိပက္ခအတွင်း အသက် ၂၀ ရှိ လူငယ်တစ်ဦး ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ရကြောင်း ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။
ဘိုလစ်ဗီးယားတွင် မိုရာလေးအား သမ္မတအဖြစ် စတုတ္ထမြောက်သက်တမ်း ထမ်းဆောင်ခွင့် ပေးခဲ့သည့် အောက်တိုဘာ ၂၀ အငြင်းပွား ရွေးကောက်ပွဲအပြီး နိုင်ငံရေး ဝရုန်းသုန်းကားအခြေအနေ ကြုံခဲ့ရသည်။ ထိုရွေးကောက်ပွဲတွင် လိမ်လည်မှုများရှိခဲ့ကြောင်း အတိုက်အခံများက စွပ်စွဲခဲ့ကြပြီး အမေရိကနိုင်ငံများအဖွဲ့ (OAS) မှ စစ်ဆေးမှုအရလည်း မဲရေတွက်မှုများတွင် မသမာမှုများ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။
ထိုဆန္ဒပြပဋိပက္ခများအတွင်း သေဆုံးသူ အရေအတွက်သည် ယခုအခါ ၁၀ ဦးအထိ ရှိလာခဲ့ပြီး လူ ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရရှေ့နေများက ထုတ်ပြန်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်