
လူအပြည့် စီးနင်းလိုက်ပါလာသော ရထားနှစ်စီး နိုဝင်ဘာ ၁၂ တွင် တိုက်မိခဲ့ခြင်းကြောင့် လူ ၁၆ ဦးထက် မနည်းသေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိသွားကြောင်း ရဲများက ပြောကြားခဲ့သည်။
ဒါကာသို့ထွက်ခွာမည့်ရထားသည် စစ်တကောင်းသို ့ထွက်ခွာမည့်ရထားနှင့် ကာဘာစ်မြို့ရှိ Mondobhag ဘူတာရုံတွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်းနှင့် ရထားတွဲ သုံးခုမှာ ရထားသံလမ်းပေါ်မှ လွင့်စင်ကျသွားကြောင်း သိရှိရသည်။
လူ ၁၆ ဦးထက် မနည်းသေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ဒေသအတွင်းရှိ ဆေးရုံများသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ကြောင်း ဒေသဆိုင်ရာ ရဲမှူး Anisur Rahman က AFP ကို ပြောကြားခဲ့သည်။
ဝန်ချီစက်များနှင့် အခြာေးသာ မတင်သည့်စက်များကို အခင်းဖြစ်ပွားသောနေရာသို့ ယူဆောင်လာပြီး ပိတ်မိနေသော ရထားစီးခရီးသည်များကို ရှာဖွေနေကြောင်း သိရသည်။ ခရီးသည်အများစုမှာ ရထားတိုက်မိသည့်အချိန်က နံနက်ပိုင်း ဖြစ်သည့်အတွက် အိပ်ပျော်နေကြကြောင်း သိရသည်။
ကျယ်လောင်သည့် အသံကြီးတစ်သံကို ကြားလိုက်ရပြီးနောက် ရထားသည် တစ်စစီ ဖြစ်သွားခဲ့ကြောင်း ဒဏ်ရာရရှိခဲ့သူတစ်ဦးက ဆိုမွိုင်းတီဗွီကို ပြောကြားခဲ့သည်။
ဒါကာသို့ ထွက်ခွာမည့်ရထား Turna Nishitha သည် စစ်တကောင်းသို့ ထွက်ခွာမည့် အမြန်ရထား Udayan နှင့် နံနက် ၃းဝ၀ နာရီ (GMT ၂၁၀၀) တွင် တိုက်မိခဲ့ကြောင်း၊ ဒေသဆိုင်ရာ အစိုးရအရာရှိ Hayat ud Doula Khan က ပြောကြားခဲ့သည်။
Turna Nishitha ရထားသည် Mondobhag ဘူတာအပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သင့်ကြောင်း၊ အခြားရထားကို အရင်သွားခွင့် ပြုခဲ့သင့်ကြောင်း Khan က AFP သို့ ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှ မီးရထားအရာရှိတစ်ဦးကမူ အချက်ပေးစနစ် မှားယွင်းမှုကို အပြစ်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရထားတွဲ သုံးခုမှာ အလွန်အမင်း ပျက်စီးသွားကြောင်းနှင့် ဒဏ်ရာရရှိသူများမှာ ထိုရထားတွဲများမှ ဖြစ်ကြောင်း၊ ဒါကာမြို့အပြင်ဘက်သို့ တွက်ခွာသော ရထားခရီးစဉ်များကို ရပ်ဆိုင်းထားကြောင်း Khanက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ရထားလမ်း မတော်တဆဖြစ်မှုများမှာ ဖြစ်ပွားလေ့ရှိပြီး တစ်ခါတစ်ရံတွင် အချက်ပြစနစ် ညံ့ဖျင်းခြင်းနှင့် အခြေခံအဆောက်အအုံ မကောင်းခြင်းကြောင့်ဖြစ်သည်ဟု အပြစ်တင်ခံထားရသည်။
လူပေါင်း ၁၆၈ သန်းနေထိုင်သော ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ် ဇန်နဝါရီ ၁ မှ ဇွန် ၃၀ အတွင်း ရထားမတော်တဆမှု ၂၀၂ မှုထက် မနည်းဖြစ်ပွားခဲ့ပြီး အချို့သော ရထားလမ်းများမှာ နှစ်ပေါင်း ၁၀၀ ခန့် အိုမင်းနေပြီ ဖြစ်ကြောင်း ရေကြောင်းနှင့် ဆက်သွယ်ရေး သတင်းထောက်များ ဆွေးနွေးပွဲ (SCRF)၏ လေ့လာမှုတစ်ခုအရ သိရှိရသည်။ ၎င်းသည် ပုဂ္ဂလိက မီဒီယာတစ်ခု၏ သုတေသနအဖွဲ့လည်း ဖြစ်သည်။
ဇွန်လက ရထားတစ်စီးသည် တံတားတစ်ခုကို ဖြတ်ကူးနေစဉ် တံတားပြိုကျခဲ့၍ တူးမြောင်းထဲသို့ ပြုတ်ကျခဲ့ပြီး လူငါးဦး သေဆုံးကာ ၁၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။
လမ်းသွားသူများက ရထားလမ်းဖြတ်ကူးစဉ်တွင် မိုဘိုင်းဖုန်းများ အသုံးပြုခြင်း၊ မီးရထား အလုပ်သမားများ၏ နမော်နမဲ့ဖြစ်မှုနှင့် ရထားလမ်းများနှင့် တံတားများအား ထိန်းသိမ်းမှု ည့ံဖျင်းခြင်းတို့သည် မတော်တဆဖြစ်ရသည့် အဓိကအကြောင်းရင်းများ ဖြစ်ကြောင်း SCRF က ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်