
နိုဝင်ဘာ ၁၂ ရက်တွင် ထိုင်းနိုင်ငံရှိ တရားရုံးတစ်ရုံးအတွင်း ပစ်ခတ်မှုဖြစ်ပွားရာ လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။
အမွေဆက်ခံမှုဆိုင်ရာ အငြင်းပွားမှုတစ်ရပ်အား ကြားနာစစ်ဆေးနေစဉ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးမှာ ရှေ့နေများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ချန်သာဘူရီခရိုင် တရားရုံး၌ အငြင်းပွားမှု ဖြစ်ပွားစဉ်အတွင်း သေနတ်သမားသည် ၎င်းင်း၏ မျက်နှာချင်းဆိုင်ဘက်သို့ ပစ်ခတ်ခဲ့ပြီးနောက် လုံခြုံရေးအစောင့်က သေနတ်သမားအား ပစ်ခတ်ခဲ့ရာ သေနတ်သမားမှာ ဒဏ်ရာရရှိပြီး သေဆုံးသွားခဲ့သည်။
အမျိုးသားရဲတပ်ဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ခရစ်ဆာနာပတ္တနာချာရိုအန်းက သေနတ်သမား အပါအဝင် လူသုံးဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး အခြားသူများမှာလည်း ပစ်ခတ်မှုတွင် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
“သေဆုံးခဲ့သူ နှစ်ဦးက ရှေ့နေတွေပါ။ ကျန်တဲ့တစ်ဦးကတော့ ပစ်ခတ်တဲ့သူပါပဲ” ဟု ၎င်းင်းက ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့အနေဖြင့် အဘယ်ကြောင့် တရားရုံးအတွင်း အငြင်းပွားမှုက လူသေဆုံးမှုများအဖြစ် ပြောင်းလဲသွားကြောင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ၎င်းင်းက ပြောကြားခဲ့သည်။
သို့သော် သေဆုံးသူများသည် မည်သူမည်ဝါများ ဖြစ်ကြောင်းကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ဘန်ကောက်မြို့ အရှေ့တောင်ဘက် ၂၅၀ ကီလိုမီတာ (၁၆၀ မိုင်) ခန့်အကွာ၌ ရှိသည့် တရားရုံးအတွင်း ဖြစ်ပွားသော သွေးထွက်သံယိုမှုများနှင့် ပတ်သက်သည့် ကြောက်မက်ဖွယ် ဓာတ်ပုံများသည် လူမှုမီဒီယာ၌ အကြီးအကျယ် ပျံ့နှံ့ခဲ့သည်။
ထိုင်းနိုင်ငံ၌ သေနတ် ပိုင်ဆိုင်သူများပြားပြီး အသေးအဖွဲ အငြင်းပွားမှုများ၊ အချစ်ရေးနှင့် အလုပ်ကိစ္စပြိုင်ဆိုင်မှုများအား ကျည်ဆန်ဖြင့် ဖြေရှင်းမှုများ ပြုလုပ်တတ်သည်။
သို့သော် ယခုပစ်ခတ်မှုမှာမူ အဆင့်မြင့်မားသော တရားရုံးအတွင်း ပစ်ခတ်မှုများထဲ၌ ပါဝင်သွားပြီး ယခုပစ်ခတ်မှုက တရားရေးစနစ်၏ လုံခြုံရေး၌ အပြစ်အနာအဆာများ ရှိနေကြောင်း ဖော်ပြနေသည်။
လွန်ခဲ့သည့် သီတင်းတစ်ပတ်အကြာကလည်း အမေရိကန်တစ်ဦး အပါအဝင် မူးယစ်ဆေးနှင့် ပတ်သက်သူများဟု ယူဆရသူ သုံးဦးသည် ပတ္တယားမြို့ကမ်းခြေ၌ ရှိသည့် တရားရုံးတစ်ရုံးမှ အထွက်တွင် ပစ်ခတ်မှုနှင့် ဓားထိုးမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းင်းတို့၏ နောက်သို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရသည်။
လွန်ခဲ့သည့်လ အစောပိုင်းကလည်း သူပုန်ထမှုများ နှိပ်စက်နေသည့် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ထိုင်းတရားသူကြီးတစ်ဦးသည် လူအပြည့်ရှိနေသည့် တရားခွင်တစ်ခု၌ သူ၏ရင်ဘတ်ကို သူကိုယ်တိုင် သေနတ်ဖြင့် ပစ်ခဲ့သည်။ သူသည် လူသတ်မှုဖြင့် မသင်္ကာသူ အများအပြားကို တရားသေလွှတ်ပေးလိုက်ပြီး အားရပါးရ ပြောကြားသော မိန့်ခွန်းတစ်ရပ်၌ တရားရေးစနစ်ကို ဝေဖန်ရှုတ်ချခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်