
အီရတ်တွင် အောက်တိုဘာ ၁ ရက်မှ စတင်၍ ဖြစ်ပွားလာခဲ့သော အစိုးရဆန့်ကျင်ဆန္ဒပြမှုများကို အရှိန်မြှင့်ရန် ကြိုးပမ်းသည့်အနေဖြင့် အထွေထွေသပိတ်တစ်ရပ် ဆင်နွှဲရန် ဆရာ၊ဆရာမများက ကြေညာခဲ့ကြပြီးနောက် နိုဝင်ဘာ ၁၂ ရက်တွင် အီရတ်နိုင်ငံ တောင်ပိုင်းရှိ စာသင်ကျောင်းအများစုကို ပိတ်ထားကြောင်း သိရသည်။
မကြာသေးမီရက်များအတွင်း စုရုံးဆန္ဒပြမှုများကို လုံခြုံရေးရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြသူများသည် မြို့တော် ဘဂ္ဂဒက်နှင့် ရှီအိုက်အများစုနေထိုင်ရာ တောင်ပိုင်းဒေသတစ်ဝန်းတွင် ထိုင်သပိတ်များ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
တောင်ပိုင်း Kut မြို့တွင် လူရာပေါင်း များစွာသည် ၎င်းင်းတို့၏အလုပ်များကို ထားရစ်ကာ ထိုင်သပိတ်အတွက် ပြင်ဆင်ရန် လမ်းများထဲသို့ တသီတတန်း ဝင်လာခဲ့သည်။ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများသည် ထိုင်သပိတ်အတွင်း ပါဝင်ကြမည်ဖြစ်သောကြောင့် Kut မြို့ရှိ စာသင်ကျောင်းများ၊ အစိုးရရုံးများကို ပိတ်ထားသည်။
ဟီလာမြို့ရှိ စာသင်ကျောင်းအများစုတွင် ထိုင်သပိတ်ပြုလုပ်မည့် ဆရာ၊ ဆရာမများက စာလာမသင်တော့ခြင်းကြောင့် ထိုစာသင်ကျောင်းများကို ယာယီပိတ်ထားရကာ ရုံးဝန်ထမ်းများကလည်း ထိုင်သပိတ်ပြုလုပ်ရန် အလုပ်မဆင်းတော့သည့်အတွက် အစိုးရရုံးဌာနများမှာ နောက်ကျသည့်အချိန် မှ ရုံးဖွင့်ခဲ့ကြကြောင်း သိရသည်။ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သော နိုင်ငံတောင်ပိုင်းမြို့များဖြစ်သည့် နာစီရီယာ့မြို့၊ ဒီဝါနီယာ့မြိုတွင်လည်း အလားတူပင် စာသင်ကျောင်းများ ပိတ်ထားရသည်။
ဆန္ဒပြမှုအကြီးအကျယ်လုပ်ဆောင်ခဲ့ရာ Tahrir ရင်ပြင်ဝန်းကျင်ရှိ ခရိုင်များတွင် လုံခြုံရေးပေးနေသော တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့မှု လုပ်ဆောင်ရန်အတွက် ဆယ်ကျော်သက်ယောကျ်ားလေးများ စာသင်ကျောင်းသို့ မသွားကြပေ။
Tahrir ရင်ပြင်နှင့် အနီးရှိ ခါလာနီ ရင်ပြင်ထဲသို့ မဝင်ရောက်နိုင်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များချထားသည့် ကွန်ကရစ် နံရံအတားအဆီးများကို ဖောက်ရန် ဆန္ဒပြသူများက နိုဝင်ဘာ ၁၁ ရက်တွင် ပြင်ဆင်ခဲ့ကြသည်။
သို့သော် နိုဝင်ဘာ ၁၂ ရက် နံနက်ခင်းတွင် ကွန်ကရစ်နံရံများကို ဖြိုချရန် ပြင်နေသော ဆန္ဒပြလူငယ်များအား လုံထိန်းတပ်ဖွဲ့ဝင်များက မျက်စိကျိန်းစပ်စေသည့် ဓာတ်ငွေ့ထွက်သော လက်ပစ်ဗုံးများဖြင့် နံရံတစ်ဖက်ခြမ်းမှ ပစ်ခတ်ခဲ့ကြသည်။
Tahrir ရင်ပြင်တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့စဉ်က ဆန္ဒပြသူများသည် ရင်ပြင်နှင့်အနီးရှိ အဆောက်အအုံများကိုပါ သီတင်းပတ် သုံးပတ်နီးပါးကြာ သိမ်းပိုက်ထားနိုင်ခဲ့သည်။ အီရတ်နိုင်ငံလူဦးရေ သန်း ၄၀ နီးပါး၏ ရာခိုင်နှုန်း ၆၀ သည် လူငယ်လူရွယ်များဖြစ်ပြီး ထိုလူငယ်များထဲမှ ၂၅ ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
ကျောင်းထွက်ရသည့်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းသည် အီရတ်အစိုးရဆန့်ကျင် ဆန္ဒပြမှုများကိုဖြစ်စေသော အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်။
အောက်တိုဘာ ၁ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများသည် အီရတ်နိုင်ငံရေးစနစ်ကို အလုံးစုံပြောင်းလဲပစ်ရန် တောင်းဆိုမှုများနှင့်အတူ အရှိန်မြင့်တက်လာခဲ့သည်။ အီရတ်အစိုးရအဖွဲ့နှင့် အစိုးရဌာနများသည် တံစိုးလက်ဆောင်ရရှိရန်နှင့် ကိုယ်ကျိုးစီးပွားအတွက်သာ အပတ်တကုတ် လုပ်ဆောင်နေကြပြီး အများကောင်းကျိုးအတွက် သယ်ပိုးဆောင်ရွက်ကြခြင်း မရှိကြောင်း ဆန္ဒပြသူများက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်