
ဘိုလစ်ဗီးယား သမ္မတ အီဗိုမိုရေးသည် ရုတ်တရက် နုတ်ထွက်ခဲ့ပြီးနောက် နိုင်ငံကို ဗရုတ်ဗရက် အနေအထား၌ ထားရစ်ခဲ့ကာ နိုဝင်ဘာ ၁၁ ရက်တွင် မက္ကဆီကိုနိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရသည်။
ဘိုလစ်ဗီးယားနိုင်ငံတွင် ရုတ်တရက် ခေါင်းဆောင်မဲ့သွားချိန်၌ စစ်တပ်က ဘိုလစ်ဗီးယား၏ ပထမဆုံး တိုင်းရင်းသားလူမျိုးစုသမ္မတဖြစ်သည့် မိုရေးကို ထောက်ခံသည့် မကျေမနပ်ဖြစ်နေသူများက သိမ်းပိုက်ထား သော လမ်းများကို ပြန်လည်သိမ်းယူရာ၌ ရဲတပ်ဖွဲ့ကို ကူညီမည်ဟု ကတိပြုခဲ့သည်။
ယာယီသမ္မတအဖြစ် မိုရေး၏ နေရာ ကို ဆက်ခံရန် ပြင်ဆင်နေသော အထက် လွှတ်တော်အမတ် ဂျင်းနီအန်နက်က နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်သွားစေရန် ရွေးကောက်ပွဲအသစ်များ ကျင်းပသွားမည်ဟု ကတိပြုခဲ့သည်။
ဒါဇင်နှင့်ချီသော အစိုးရအရာရှိများနှင့် ဝန်ကြီးများ နုတ်ထွက်သွားကာ အချို့က နိုင်ငံခြားသံရုံးများတွင် ခိုလှုံခွင့် တောင်းခံခဲ့ ကြပြီးနောက် ဘိုလစ်ဗီးယားနိုင်ငံသည် အထိန်းအကွပ်မဲ့သည့် အနေအထားဆီသို့ တိုး ဝင်လျက်ရှိသည်။
မိုရေးသည် သူ၏ လုံခြုံရေးအတွက် ခို လှုံခွင့်ပေး မည်ဟု အာမခံထားသော မက္ကဆီ ကိုနိုင်ငံက စေလွှတ်ပေးသည့် စစ်လေယာဉ် တစ်စင်းဖြင့် ထွက်ခွာသွားခြင်းဖြစ်သည်။ မိုရေးသည် လေယာဉ်ဖြင့် လိုက်ပါလာကြောင်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အီဘရက်က အတည်ပြုခဲ့သည်။
“နိုင်ငံရေးအကြောင်းတရားတွေအတွက် နိုင်ငံကနေ ထွက်ခွာသွားရတာက ကျွန်တော့်ကို နာကျင်စေပါတယ်။ ဒါပေမဲ့ ကျွန်တော် အမြဲတမ်း စောင့်ကြည့်နေမှာပါ။ ပိုကောင်းတဲ့ ခွန်အားတွေ၊ စွမ်းအင်တွေနဲ့အတူ ကျွန်တော် မကြာခင် ပြန်လာပါ့မယ်” ဟု မိုရေးက တွစ်တာတွင် ရေးသားခဲ့သည်။
မိုရေးက အငြင်းပွားဖွယ်ရာအဖြစ် ရွေးကောက်ပွဲ၌ ထပ်မံယှဉ်ပြိုင်ခဲ့မှုအား ဆန့် ကျင်သည့် သီတင်းသုံးပတ်ကြာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက်တွင် မိုရေး နုတ်ထွက်သွားခဲ့ရာနိုဝင်ဘာ ၁၁ ရက် တွင် မိုရေး ထွက်ခွာသွားရသည်ကို မကျေ နပ်သည့် အုပ်စုများက ရဲစခန်းများနှင့် အ ရပ်သားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြသည်။
နိုဝင်ဘာ ၁၁ ရက်ညတွင် အနီးအနားရှိ အယ်အော်တိုမြို့မှ လာပက်မြို့သို့ ရောက်ရှိ လာကြသည့် ရာနှင့်ချီသော မိုရေးကိုထောက် ခံသူများသည် သမ္မတအိမ်တော်အပြင်ဘက် ၌ ဆန္ဒပြခဲ့ကြသည်။
ထိုအခါ စီးနင်းတိုက်ခိုက်မှုများ ခံနေရ သည့် ရဲတပ်ဖွဲ့က စစ်တပ်ကို အကူအညီ တောင်းခံခဲ့သည်။
“လက်နက်ကိုင်တပ်တွေရဲ့ စစ်ဦးစီးဌာ နက ဘိုလစ်ဗီးယားမိသားစုတွေကို တိုက် ခိုက်နေတာတွေနဲ့ သွေးထွက်သံယိုမှုတွေကို ကာကွယ်ဖို့ ရဲတပ်ဖွဲ့နဲ့အတူ ပူးတွဲစစ်ဆင် ရေး ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ဝီလျံကာလီမန်က ရုပ်သံမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ အငြင်းပွားမှု ဖြစ်ပေါ် ပြီးနောက်ပိုင်း ပဋိပက္ခများအတွင်း လူသုံးဦး သေဆုံးခဲ့သည်။
မိုရေးက သူ၏နေအိမ်နှစ်လုံးမှာ လု ယက်ဖျက်ဆီးသည့် အုပ်စုများ၏ တိုက်ခိုက်မှုခံရကြောင်း နိုဝင်ဘာ ၁၁ ရက်အနှောင်းပိုင်းက တွစ်တာတွင် အခိုင်အမာ ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်