
ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား) များအပေါ် မြန်မာနိုင်ငံက ပြုမူဆက်ဆံမှုနှင့် ပတ်သက်ပြီး ဂမ်ဘီယာက ကုလသမဂ္ဂ၏ တရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နှင့် အမှုဖွင့်ခဲ့ကြောင်း ဂမ်ဘီယာအစိုးရက နိုဝင်ဘာ ၁၁ တွင် ပြောကြားခဲ့သည်။
အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ကိုယ်စား International Court of Justice (ICJ) တွင် မြန်မာနိုင်ငံကို စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း ဂမ်ဘီယာက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမွတ်စလင်များအား ပစ်မှတ်ထားပြီး ဖြိုခွင်းသော စစ်တပ်၏ ဆောင်ရွက်ချက်သည် ၁၉၄၈ ကုလသမဂ္ဂ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်အား ချိုးဖောက်ခြင်းဖြစ်ကြောင်း တရားစွဲဆိုမှုက အဓိက စွပ်စွဲထားသည်။
နိုင်ငံအချင်းချင်း အငြင်းပွားမှုများကို ဖြေရှင်းသော International Court of Justice (ICJ) တွင် နိုင်ငံတစ်နိုင်ငံကို အခြားတစ်နိုင်ငံကသာ စွဲချက်တင်နိုင်သဖြင့် အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာက OIC ၏ ထောက်ခံမှုကို ရယူပြီး အမှုတင်ခဲ့ခြင်း ဖြစ်သည်။
"ရိုဟင်ဂျာတွေကို မြန်မာက ကျူးလွန်ခဲ့တဲ့ မျိုးတုံးသတ်ဖြတ်မှုအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုအတွက် ဂမ်ဘီယာက ဒီတရားစွဲဆိုမှုကို ဆောင်ရွက်ခဲ့တာပါ" ဟု ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘကာတမ်ဘာဒူက ပြောကြားခဲ့သည်။
ဘင်္ဂါလီမွတ်စလင်များအား ထပ်မံ ထိခိုက်နစ်နာမှုမှ ကာကွယ်ရန်အတွက် အရေးပေါ်ဆောင်ရွက်မှုပေးရန် ဂမ်ဘီယာ၏ တောင်းဆိုချက်အရ (ICJ) သည် ဒီဇင်ဘာတွင် ယင်းအမှုကို ပထမဆုံးကြားနာမည်ဟု မျှော်လင့်ကြောင်း ဂမ်ဘီယာကို ကူညီပေးနေသော ရှေ့နေအဖွဲ့ ဖိုလေဟော့က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများကလည်း မြန်မာနိုင်ငံကို သည်ဟိဂ်အခြေစိုက် ICC သို့ လွှဲပြောင်းစစ်ဆေးရန် သိုမဟုတ် ရဝမ်ဒါနှင့် ယူဂိုဆလားဗီးယားကဲ့သို့ အထူးခုံရုံး တည်ထောင်စစ်ဆေးရန် လုံခြုံရေးကောင်စီကို တောင်းဆိုထားသည်။ သို့သော်လည်း အရေးယူဆောင်ရွက်မှု မရှိလာသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်