Top News

ပင်လယ်နီတွင် အမေရိကန် စစ်သင်္ဘောတစ်စင်းက အမေရိကန်တိုက်လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချခဲ့
24htopnews | December 23, 2024 2:12 PM CST

ပင်လယ်နီတွင်  အမေရိကန်စစ်သင်္ဘောတစ်စင်းက အမေရိကန်တိုက်လေယာဉ်တစ်စင်းကို ဒီဇင်ဘာ ၂၂ ရက်က မှားယွင်းပစ်ချခဲ့ မိကြောင်းအမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်သည် ယီမင်နိုင်ငံရှိ ဟူရ်သီသူ ပုန်များအားပစ်မှတ်ထား တိုက်ခိုက်နေသည့်  အမေရိကန်၏ တစ်နှစ်ကျော်ကြားစစ်ဆင်ရေး အတွင်း အမေရိကန်စစ်သားများကို ခြိမ်း ခြောက်လာသည့် စိုးရိမ်ဖွယ်အကောင်းဆုံး ဖြစ်စဉ်တစ်ခုဖြစ်လာခဲ့သည်။

စစ်သင်္ဘော၏ ပစ်ချမှုကြောင့် တိုက်လေ ယာဉ်အတွင်းရှိ လေယာဉ်မှူးနှစ်ဦးစလုံးသည် အရေးပေါ်ထိုင်ခုံဖြင့် ခုန်ထွက်နိုင်ခဲ့ပြီး လေယာဉ်မှူးတစ်ဦးမှာ အနည်းငယ်ဒဏ်ရာရရှိ သွားခဲ့သည်။

သို့သော် ထိုပစ်ခတ်မှုသည် ပင်လယ်နီ ၏ ရေလမ်းကြောင်းများသည် မည်မျှအန္တ ရာယ်များသည်ဆိုခြင်းကို ပြသရာရောက်ခဲ့ သည်။

အီရန်က ကျောထောက်နောက်ခံပြု ပေးထားသည့် ဟူရ်သီသူပုန်များသည် အမေ ရိကန်နှင့် ဥရောပစစ်ဘက်ညွန့်ပေါင်းအဖွဲ့ များ၏ ကင်းလှည့်မှုများပြုလုုပ်နေသည့် ကြားက ပင်လယ်နီအတွင်း သွားလာနေသည့် သင်္ဘောများကို တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

ဒီဇင်ဘာ ၂၂ ရက်က ဖြစ်စဉ်တွင် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောဖြစ်သည့် USS Harry S. Truman သင်္ဘောပေါ် မှ ပျံသန်းထွက်ခွာလာသည့် F/A – 18 တိုက် လေယာဉ်ပစ်ချခဲ့ခဲ့ရခြင်းဖြစ်သည်ဟု အမေ ရိကန်ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။

USS Harry S. Truman လေယာဉ် တင်သင်္ဘောသည် အရှေ့အလယ်ပိုင်းဒေသ သို့ ဝင်ရောက်လာသည့်အကြောင်းကို အမေ ရိကန်ဗဟိုစစ်ဌာနချုပ်က ဒီဇင်ဘာ ၁၅ ရက် က အတည်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော်ထိုလေယာဉ်တင်သင်္ဘော၏ အသေးစိတ်အချက်အလက်နှင့် ပင်လယ်နီရှိ ထိုလေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးစစ် သင်္ဘောအုပ်စု၏ အကြောင်းကို အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

တိုက်လေယာဉ်ကို ပစ်ချခဲ့သည့်စစ်သင်္ဘောသည် USS Harry S. Truman ဦးဆောင်သည့် တိုက်ခိုက်ရေးစစ် သင်္ဘောအုပ်စုမှ ပဲ့ထိန်းစနစ်တပ်ဆင်ထား သည့် USS getty burg ကရူဇာစစ်သင်္ဘော ဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက် တွင် ဗာဂျီးနီးယားပြည်နယ် Naval Air Station Oceana လေတပ်စခန်းမှ တိုက်လေ ယာဉ် အုပ်စု-၁၁ ၏ Red rippers လေယာဉ် အုပ်စုအတွက် တာဝန်ပေးထားသည့် F/A -18 တိုက်လေယာဉ် ပစ်ချခံ ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

USS getty burg စစ်သင်္ဘောသည် F/A -18 တိုက်လေယာဉ်ကို ရန်သူ့လေ ယာဉ် သို့မဟုတ် ဒုံးကျည်တစ်စင်းနှင့် မှား ယွင်းခဲ့ခြင်းဟုတ်မဟုတ် ရှင်းလင်းစွာမသိရ သေးပေ။

ထိုဖြစ်စဉ် နှင့်ပတ်သက်ပြီး စုံစမ်းစစ် ဆေးမှုများပြုလုပ်နေသည်ဟု အမေရိကန် ဗဟို စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

ယခင်ကမူ အမေရိကန်စစ်သင်္ဘောများ နှင့် တိုက်လေယာဉ်များသည် ဟူရ်သီသူပုန် များပစ်လွှတ်သည့် ဒရုန်းများနှင့် ဒုံးကျည်များ ကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။                         Ref: AP


READ NEXT
Cancel OK