Top News

လူငါးဦးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရခဲ့သော ခရစွမတ်ဈေးတိုက်ခိုက်ခံရမှုကို ဂျာမနီ၀န်ကြီးချုပ် ရှုတ်ချ
24htopnews | December 23, 2024 2:12 PM CST

ငါးဦးသေဆုံးခဲ့ပြီး လူ ၂၀၀ ကျော် ဒဏ်ရာရသွားခဲ့သော ကြိတ်ကြိတ်တိုးစည်ကားနေသည့်ခရစ္စမတ်ဈေးကို ကားဖြင့်၀င်တိုက်သောတိုက်ခိုက်မှုကို ဆိုးရွားမိုက်မဲလွန်းသောတိုက်ခိုက်မှုအဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင် ဂျာမနီ၀န်ကြီးချုပ်အိုလက်ဖ်ရှိုးက ရှုတ်ချခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက်တွင် ရဲက အခင်းဖြစ်ရာနေရာ၌  အသက် ၅၀ နှစ်အရွယ် ဆော်ဒီစိတ်ရောဂါကု ဆရာ၀န်ကို ဖမ်းဆီးခဲ့သည်။

ရှိုးသည် အနက်ရောင်၀တ်လျက် တိုက်ခိုက်မှုဖြစ်ပွားရာ အ‌ရှေ့ပိုင်းမြို့မက်ဒီဘတ်သို့ ဒီဇင်ဘာ ၂၁ ရက်တွင်လာရောက်ခဲ့ရာတွင် အမျိုးသားနိုင်ငံရေးသမားများ၊ ဒေသဆိုင်ရာနိုင်ငံရေးသမားများ လိုက်ပါလာခဲ့သည်။ ၎င်းတို့သည် မက်ဒီဘတ် ဘုရားကျောင်းကြီး၏အပြင်ဘက်တွင် ပန်းများချထားခဲ့သည်။

ဒဏ်ရာရခဲ့သူများထဲက အနည်းဆုံး ၄၀ သည် ပြည်သူတို့ စိုးရိမ်သင့်သော ဒဏ်ရာများရရှိခဲ့သည်ဟု ၎င်းကပြောကြားခဲ့သည်ဆိုသော်လည်း အသေးစိတ်များကို ပြောကြားခြင်းမရှိပေ။

ဂျာမနီသည် ပြည့်၀သော ဥပဒေ၏အင်အားဖြင့်တုံ့ပြန်ရလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ 

တိုက်ခိုက်မှုသည် ဆိုးရွားမိုက်မဲလွန်းသည်ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်ဆိုသော်လည်း ကမ္ဘာတစ်၀န်းရှိ နိုင်ငံများထံမှ စည်းလုံညီညွတ်ကြောင်း ထုတ်ဖော်မှုကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK