
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒီဇင်ဘာ ၂၁ ရက်က ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားပြီး လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကာ သမ္မတလူးဝစ်အင်နာစီယိုလူလာ ဒါဆေးလ်ဗားက အလွန်ဆိုးရွားသည့်အဖြစ်ဆိုးဟု ပြောကြားခဲ့သည်။
မီနက်စ်ဂျီရေ့စ်ပြည်နယ်တွင် ဖြစ်ပွားသည့် ယင်းမတော်တဆမှုသည် ၂၀၀၇ ခုနှစ် နောက်ပိုင်းဘရာဇီး၏ ဖက်ဒရယ်အဝေးပြေးလမ်းများတွင် အဆိုးရွားဆုံး ဖြစ်စဉ်ဖြစ်ကြောင်း ဖက်ဒရယ်အဝေးပြေး ရဲတပ်ဖွဲ့(PRF)ကဆိုသည်။
သေဆုံးသူ ၃၈ ဦးရှိကာ ကိုးဦးဆေးရုံတက်ရောက် ကုသနေကြောင်း အရပ်ဘက်ရဲတပ်ဖွဲ့က အတည် ပြုထားသည်။ ကနဦး သတင်းအချက်အလက်အရ ဆန့်ကျင်ဘက် လမ်းကြောင်းတွင် သွားလာနေသည့် ကုန်တင်ကားတစ်စီးမှ ကျောက်တုံးကြီး တစ်တုံးသည် ပြုတ်ကျလာခဲ့ရာ ယင်းဘတ်စ်ကားက ဝင်တိုက်မိပြီး ယင်းကဲ့သို့ ဝင်တိုက်မိခဲ့ခြင်းကြောင့် မီးလောင်ခဲ့ကြောင်း PRF ကဆိုသည်။
ကုန်တင်ယာဉ်မောင်းသည် အခင်းဖြစ်ရာနေရာမှ ထွက်ပြေးခဲ့သည်ဟု မီးသတ်သမားများက ဆိုသည်။ ဘတ်စ်ကားထဲတွင် ပိတ်မိနေသူ အချို့ရှိသည့်အတွက် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည် ဟု ဆိုသည်။
သေဆုံးသူများထဲတွင် ဘတ်စ်ကားယာဉ်မောင်းနှင့် ကလေးတစ်ဦးလည်း ပါဝင်သည်ဟု မီးသတ်သမားများက ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်