
လွန်ခဲ့သောနှစ်များတွင် ကျန်းမာရေးပြဿနာများ ဆက်တိုက်ရင်ဆိုင်ခဲ့ရသော အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်သည် ဖျားလာပြီးနောက် ဒီဇင်ဘာ ၂၃ ရက်တွင် ၀ါရှင်တန်ရှိ ဆေးရုံကို တက်လိုက်ရသည်ဟု ၎င်း၏ရုံးက ပြောကြားခဲ့သည်။
“သမ္မတကလင်တန်ဟာ ဖျားနာလာပြီးနောက် ဆေးစစ်တာ၊ စောင့်ကြည့်တာတို့ကိုလုပ်ဆောင်ဖို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ဂျော့တောင်း တက္ကသိုလ်ဆေးဘက်ဆိုင်ရာ စင်တာကို တက်ရောက်ခဲ့ရပါတယ်”ဟု ကလင်တန်၏ အိမ်ဖြူတော်ဝန်ထမ်ရေးရာ ဒုတိယအကြီးအကဲ အိန်ဂျယ်အူရီနာက X တွင် ပြောကြားခဲ့သည်။ အသက် ၇၈ နှစ်အရွယ်ကလင်တန်သည် စိတ်နှလုံးသာယာလျက်ရှိသည်ဟု ဆိုသည်။
သွေးရောဂါကြောင့် ကလင်တန်သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲတွင် ဆေးရုံငါးညတက်ခဲ့ရသည်။ အသက် ၅၈ နှစ်အရွယ် ၂၀၀၄ ခုနှစ်တွင် ၎င်းသည် နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ကျန်းမာရေး စိုး ရိမ်မှုများကြောင့် ကလင်တန်သည် နေထိုင်မှုပုံစံကို ပြောင်းလဲခဲ့ရပြီး အသက်သတ်လွတ် အာဟာရကို ပြောင်းလဲစားသုံးခဲ့သည်။ ကလင်တန်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲတွင် ကိုဗစ်ကူးစက်ခံရတုန်းကလည်း ၎င်း၏သတင်းများသည် သတင်းကြီးများအဖြစ် ပါဝင်လာခဲ့ဖူးသည်။ ကလင်တန်သည် ၁၉၉၃-၂၀၀၁ အထိ သမ္မတအဖြစ် နှစ်ကြိမ်ဆက်ထမ်းဆောင်ခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်