
ပြင်သစ်သမ္မတအမ်မန်နျူရယ်မက်ခရွန်သည် ဒုတိယအကြီးဆုံးအီးယူစီးပွားရေး နိုင်ငံပြင်သစ်ကို နိုင်ငံရေးအကျပ်အတည်းမှ ဆွဲထုတ်ရန် အစိုးရအဖွဲ့သစ်ကို ဒီဇင်ဘာ ၂၃ ရက်ညနေပိုင်းတွင်ကြေညာခဲ့ပြီး တစ်နှစ်အတွင်း၎င်း၏စတုတ္ထမြောက်ဝန်ကြီးချုပ် ဖရန်ဆွာဘေရူးကယင်းအစိုးရအဖွဲ့သစ်ကို ဦးဆောင်သွားမည်ဖြစ်သည်။
မက်ခရွန်သည် နိုင်ငံရေးအမြင်အလယ်အလတ်ရှိသူ ဘေရူး၏လက်အောက်က အစိုးရအဖွဲ့သစ်တွင် အသက် ၆၃ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း အဲလစ်စဘတ်ဘွန်းကို ပညာရေးဝန်ကြီးအဖြစ် ကြေညာခဲ့သည်။
နောက်ထပ် ဝန်ကြီးချုပ်ဟောင်း မန်နျူရယ် ဗားလက်စ်(၆၂ နှစ်)သည် ပြင်သစ်ပိုင် ပြည်ပနယ်မြေများဝန်ကြီးအဖြစ်အစိုးရ အဖွဲ့သစ်တွင် ပြန်လည်ပါဝင်လာခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဟောင်း ဂျရယ်ဒါမန်နင်သည် တရားရေးဝန်ကြီးဖြစ်လာခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဆီဗက်ရှန်လေကော်နူးနှင့်နိုင်ငံခြားရေးဝန်ကြီးဂျင်း-နိုရယ်ဘဲရော့တို့သည် လက်ရှိတာဝန်များကို ဆက်လက်ထမ်းဆောင်ကြရမည်ဟု သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
အသက် ၃၈ နှစ်အရွယ် ဘုရင်စနစ်ထောက်ခံသူ လေကော်နူးသည် သမ္မတအဖြစ်မက်ခရွန် ၂၀၁၇ ခုနှစ်တွင် ပထမဆုံးရွေးကောက်ခံရကတည်းက အစိုးရအဆက်ဆက် ထမ်းဆောင်ခဲ့သူဖြစ်သည်။
တရားမဝင်ရွှေ့ပြောင်းများကို ဖြိုခွင်းမည်ဟုပြောကြားထားသော ကွန်ဆာဗေးတစ်ပြည်ထဲရေးဝန်ကြီး ဘရူနိုရီတိုင်လျူးနှင့် လက်ယာယိမ်း ယဉ်ကျေးမှုဝန်ကြီး ရာချီဒါဒါတီတို့သည်လည်း ၎င်းတို့၏လက်ရှိတာဝန်များ ကို ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်အတွက် ဘတ်ဂျက်ရေးဆွဲရသည့် ခက်ခဲသောအလုပ်ကို တာဝန်ပေးအပ်ခံရသူမှာ အသက် ၆၆ နှစ်အရွယ် အဲရစ်လွမ်ဘာ့့ဖြစ်ပြီး ၎င်းသည် စီးပွားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။
“ဒီညနေပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ အစိုးရအဖွဲ့အတွက် ဂုဏ်ယူပါတယ်”ဟု ဘေရူးက X တွင် ပြောကြားခဲ့ပြီး ၎င်း၏အတွေ့အကြုံ ရှိသော အစိုးရအဖွဲ့က ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်လိမ့်မည်ဟု ဆိုသည်။
ယခုအစိုးရအဖွဲ့သစ်တွင် ဝန်ကြီးချုပ်ဟောင်းနှစ်ဦး ပါဝင်လာခြင်းကသြဇာရှိသော အစိုးရအဖွဲ့အတွက် မက်ခရွန်၏ဆန္ဒကို ညွှန်ပြလျက်ရှိသည်။ အစိုးရအဖွဲ့သစ်သည် တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ပေးလိမ့်မည်ဖြစ်ပြီး ခြိုးခြံချွေတာသော ဘတ်ဂျက်ကိစ္စကြောင့် မတိုးသာမဆုတ်သာ အခြေအနေဖြစ်ပေါ်ခဲ့ပြီးနောက် အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ဖြုတ်ချခံရသော(ဘေရူး၏ရှေ့က ဝန် ကြီးချုပ်)မိုက်ကယ်ဘာနီးယား၏ကံကြမ္မာလို ဖြစ်လာမည်မဟုတ်ဆိုသည်ကို ညွှန်ပြနေသည်။
ဘေရူးသည် ဖြစ်လာနိုင်စရာရှိသော ဝေဖန်မှုတို့မှ ၎င်း၏အစိုးရအဖွဲ့ကို အကာအကွယ်ပေးရန် လက်ဝဲ၊လက်ယာ၊ နိုင်ငံရေးအမြင်အလယ်အလတ်ရှိသူတို့ထဲက ပုဂ္ဂိုလ်များကို ရွေးချယ်ထားသည်ဟု မျှော်လင့်ထားခဲ့သည်ဆိုသော်လည်း ၃၅ ဦးပါဝင်သော အစိုးရအဖွဲ့တွင် ယခုနွေ ကြားဖြတ်လွှတ် တော်ရွေးကောက်ပွဲတွင် အမတ်နေရာအများ ဆုံးအနိုင်ရရှိခဲ့သော လက်ဝဲ-လက်ယာ ညွန့်ပေါင်းမဟာမိတ် New Popular Front ၏ကိုယ်စားလှယ် တစ်ဦးမျှ ပါဝင်လာခြင်းမရှိပေ။
“ဒါဟာအစိုးရအဖွဲ့မဟုတ်ပါဘူး။ ရန်စတဲ့အဖွဲ့ဖြစ်ပါတယ်။ ဂရုစိုက်ကြည်တဲ့ လက်ယာအစွန်းရောက်မျက်လုံးနဲ့ လက်ယာစွန်း အစိုးရအဖွဲ့ဖြစ်ပါတယ်”ဟု ဆိုရှယ်လစ်ခေါင်းဆောင် အိုလီဗီယာဖော်ရီက X တွင် ပြော ကြားခဲ့သည်။
မက်ခရွန်သည် ပထမဆုံးအစိုးရအဖွဲ့ အစည်းအဝေးအတွက် ဇန်နဝါရီ ၃ ရက်တွင် ဘေရူး၏အဖွဲ့ကို တွေ့ဆုံမည်ဟု သမ္မတရုံးက ပြောကြားခဲ့သည်။
ဘေရူးအတွက် ဦးစားပေးသည် အယုံအကြည်မရှိအဆိုကို ၎င်း၏အစိုးရအဖွဲ့ ကျော်ဖြတ်နိုင်ရေးဖြစ်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်