Top News

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ရှမ်းပြည်နယ်က ဘိန်းအများဆုံးစိုက်ပျိုးသည့်ဒေသအဖြစ် ဆက်လက်တည်ရှိနေကြောင်း UNODC ထုတ်ပြန်
24htopnews | December 25, 2024 1:12 AM CST

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ရှမ်းပြည်နယ်က ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသအဖြစ် ဆက်လက်တည်ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်သည်။ 

(UNODC)  က ထုတ်ပြန်လိုက်သည့် “မြန်မာ့ဘိန်းစစ်တမ်း ၂၀၂၄ - စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့် သက်ရောက်မှုများ” အစီရင်ခံစာတွင် ယင်းအချက်ကို ထည့်သွင်းဖော်ပြထားခြင်းလည်းဖြစ်သည်။ 

UNODC ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ဒေသတွင်း ကွဲပြားမှုများကို မီးမောင်းထိုးပြထားပြီး ရှမ်းပြည်နယ်သည် နိုင်ငံ၏ စုစုပေါင်း ဘိန်းစိုက်ပျိုးမှု စုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းဖြင့် အထင်ရှားဆုံးဒေသအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် ဘိန်းစိုက်ပျိုးမှု အနည်းငယ် လျော့နည်းသွားသော်လည်း ဘိန်းစိုက်ပျိုးမှုမှာ ၁၀ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရသည်ဟု UNODC က ဆိုသည်။ 



ထို့ပြင် ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အိန္ဒိယနှင့် နယ်စပ်အနီး ဘိန်းအများဆုံး စိုက်ပျိုးသည့် ချင်းပြည်နယ်တွင် ၁၈ ရာခိုင်နှုန်း သိသိသာသာ တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့ပြင် အခြားဒေသများနှင့် နှိုင်းယှဉ်ပါက ယေဘုယျအားဖြင့် စိုက်ပျိုးမှုနည်းပါးသည့် ကယားပြည်နယ်သည် ၂၀၂၄ ခုနှစ်တွင် ရှစ်ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC)၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အနည်းငယ်ကျ ဆင်းသော်လည်း ကမ္ဘာ့ဘိန်းနှင့် ဘိန်းဖြူတို့၏ အဓိကအရင်းအမြစ်အဖြစ် ရပ်တည်နေ ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာ ဇဝတ်မှု ဆိုင်ရာရုံး (UNODC)  ၏ အစီရင်ခံ စာတွင် ဖော်ပြထားသည်။ 

 


READ NEXT
Cancel OK