အဂတိလိုက်စားမှုများကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည်သူကို ထိခိုက်စေနိုင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ပြောကြားသည်။
ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ MRCCI ခန်းမ၌ ကျင်းပသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက ထိုသို့ ထည့် သွင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်နှင့် UMFCCI တို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ကြေညာချက်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၂ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ယခုလို အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများ ကျင်းပခြင်းအားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဦး တစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် နှင့် အဂတိလိုက်စားမှုကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသော လူမှုအသိုက် အဝန်းကို ဖန်တီးဖော်ဆောင်နိုင်စေရန် ရည် ရွယ်ကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံ ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေး မှုများကို ထိခိုက်စေပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကြီးမားသည့် အဟန့်အ တားတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် အဂတိလိုက်စားမှုပုံစံများသည် နည်းပညာများ ထွန်းကားလာသည်နှင့်အမျှ ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေကြောင်း၊ စီးပွား ရေးကဏ္ဍအနေဖြင့် တွေ့ကြုံနိုင်ရသည့် အဂတိလိုက်စားမှုပုံစံများမှာ မလျော်သြဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက် မှဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုမှဖြစ်စေ၊ မရ သင့် မရထိုက်သည့် အခွင့်အရေးများကို ရရှိ ရန်အတွက် တံစိုးလက်ဆောင်များကို ပေး၍ အသုံးချခြင်း၊ သြဇာအာဏာများကို အသုံးပြု ပြီး လွှမ်းမိုးဆောင်ရွက်ခြင်းမျိုးဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများသည် စီးပွားရေးကဏ္ဍများအပေါ် နည်းလမ်းမျိုးစုံဖြင့် ဆိုးကျိုးသက် ရောက်စေနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်၏ ရှစ်ချက်မြောက်တွင် Decent Work and Economic Growth ကောင်းမွန် သောအလုပ်နှင့် စီးပွားရေးတိုးတက်မှုဆိုသည့် အချက်ပါရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှု၊ မျှတပြီး လုံခြုံစိတ်ချရသော စျေးကွက်များ ဖြစ်ပေါ်၍ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ကောင်းကျိုးချမ်းသာရရှိစေရန်အတွက် ပုဂ္ဂ လိကကဏ္ဍအနေဖြင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဆောင်ရွက်ခြင်းသည် အလွန်အရေး ပါကြောင်း၊ ကျင့်ဝတ်နှင့်ညီသည့် စီးပွားရေး လုပ်ငန်းအလေ့အထကောင်းများ တည် ဆောက်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေများကို လေးစားလိုက်နာခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေး လုပ်ငန်းများကို တည်ဆောက်ခြင်းဖြင့် ကောင်း မွန်သည့်အပြောင်းအလဲများ ဖော်ဆောင်ရာ တွင် ပုဂ္ဂလိကကဏ္ဍသည် အဓိကအရေးပါ သည့် အခန်းကဏ္ဍပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ်ခံယူပြီး အသိပညာပေးခြင်း၊ တား ဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေး ယူခြင်းဆိုသည့် နည်းလမ်း သုံးသွယ်ဖြင့် စဉ် ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အ ဂတိလိုက်စားမှုသည် လူ့ဘောင်လောကကို အရုပ်ဆိုး အကျည်းတန်စေပြီး ကောင်းမွန် သည့် လူမှုစီးပွားဘဝ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေသည့် မကောင်းမှု ဒုစရိုက်တစ်ခု ပင်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများ ကြောင့် လူ့ဘောင်လောကတွင် တရားမျှတမှု ပျောက်ကွယ်ပြီး နိုင်ငံတော်နှင့် အများပြည် သူကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကြီး မားသော အဟန့်အတားဖြစ်သည့် အဂတိ လိုက်စားမှုများကို ကော်မရှင်နှင့်အတူပူးပေါင်း တိုက်ဖျက်ပေးကြရန်နှင့် ရေရှည်တည်တံ့ခိုင် မြဲသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေ ရန်အတွက် အဂတိလိုက်စားမှုများ ဖြစ်ပေါ် စေနိုင်သည့် ပေးခြင်း၊ ယူခြင်းများကို လက် သင့်မခံဘဲ ဖြောင့်မတ်တည်ကြည်မှုရှိသော စီးပွားရေးအသိုက်အဝန်းကို ဖန်းတီးဖော် ဆောင်ကြရန် တိုက်တွန်းကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
