Top News

ရှော်လ်ကေးအသင်းကို လျှော့မတွက်ကြရန် အသင်းဖော်များကို အဂွဲရိုး သတိပေး
24htopnews | December 25, 2024 6:12 AM CST

အဂွဲရိုးက အေဂျက်စ်၊ မန်ယူအသင်းတို့ကို ဥပမာပေးကာ ရှော်လ်ကေးအသင်းကို လျှော့မတွက်ကြရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မန်စီးတီးအသင်းတိုက်စစ်မှူး အဂွဲရိုးက ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့အဖြစ်ယှဉ်ပြိုင်ရမည့် ရှော်လ်ကေးအသင်းကို လျှော့မတွက်ကြရန် အသင်းဖော်များကို သတိပေးပြောကြားသွားခဲ့သည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ရှော်လ်ကေးအသင်းကို အဝေးကွင်း၌ (၃-၂)ဂိုးဖြင့် အနိုင်ရရှိထားခဲ့သည်။

သို့သော် အဂွဲရိုးက အေဂျက်စ်၊ မန်ယူအသင်းတို့ကို ဥပမာပေးကာ ရှော်လ်ကေးအသင်းကို လျှော့မတွက်ကြရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဂွဲရိုးက ''လတ်တလောထွက်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရလဒ်တွေအရ ကျွန်တော်တို့အနေနဲ့ ရှော်လ်ကေးအသင်းကို ဂရုစိုက်ကစားဖို့လိုပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ PSG အသင်းက မန်ယူကို ပထမအကျော့မှာ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ကွာတားဖိုင်နယ်တက်သွားတာက မန်ယူအသင်းပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲက အရမ်းခက်ပါတယ်။ အသင်းတိုင်းက အရမ်းကောင်းပြီးကြိုးစားကြပါတယ်။ ပရီးမီးယားလိဂ်လို ကာလရှည်ကစားရတဲ့ ပြိုင်ပွဲတွေမှာ တချို့ပွဲတွေ အမှားလုပ်လို့ရပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ လုံးဝအမှားမခံပါဘူး။ အသေးစိတ်အချက်အလက်လေးကစပြီး ဂရုစိုက်ဖို့လိုအပ်ပါတယ်" ဟုပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် မတ်လ (၁၂)ရက်နေ့တွင် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရှော်လ်ကေးအသင်းကို အိမ်ကွင်း အီတီဟတ်ဒ်တွင် လက်ခံကစားရမည်ဖြစ်သည်။

မန်စီးတီးအသင်းသည် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း အသင်းနည်းပြ ဂွါဒီယိုလာကမူ မိမိတို့အနေဖြင့် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် မဖြစ်နိုင်သေးကြောင်း ဝန်ခံထားသည်။


READ NEXT
Cancel OK