အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပထမအပတ်ပွဲစဉ်များမှ ရလဒ်များက ၄င်းကိုမအံ့သြစေကြောင်း ပြောကြားခဲ့သည်။
အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပထမအပတ်ပွဲစဉ်များမှ ရလဒ်များက ၄င်းကိုမအံ့သြစေကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့များက ကစားခဲ့သောပွဲစဉ်များတွင် ကွာတားဖိုင်နယ်တက်ရန် ရေပန်းစားနေသည့် ရီးယဲလ်မက်ဒရစ်နှင့် PSG အသင်းတို့မှာ အေဂျက်စ်နှင့် မန်ယူတို့ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှာ ထွက်ခွာခဲ့ရသည်။
ဆီမြွှန်နီက '' ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ရလဒ်တွေကို ကျွန်တော်မအံ့သြမိပါဘူး။ ဘာလို့လဲဆိုတော့ အသင်းတိုင်းက အရင်ကထက်ပိုကောင်းလာပြီး အရမ်းကြိုးစားကြပါတယ်။ ပြီးခဲ့တဲ့အပတ်က ထွက်ပေါ်ခဲ့တဲ့ရလဒ်တွေကို ဘောလုံးပွဲသိပ်မကြည့်တဲ့ သူတွေလောက်ပဲ အံ့သြကြပါလိမ့်မယ်။ ဘောလုံးပွဲတွေအများကြီးကြည့်တဲ့ သူတွေကတော့ ဒီရလဒ်တွေနဲ့ပတ်သက်လို့ သိပ်အံ့သြမှာမဟုတ်ပါဘူး'' ဟုပြောကြားခဲ့သည်။
ထို့ပြင် ဆီမြွန်နီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရသည့် အသင်းတိုင်းက အလွန်ခက်ခဲကြောင်း ပြောကြားခဲ့သည်။
'' ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်တိုင်းက အလွန်ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ရှုံးထွက်အဆင့်တွေမှာ ကစားရတဲ့ပွဲစဉ်က (၂)ပွဲပဲရှိပြီး အဲဒီပွဲစဉ်တွေမှာ ပိုကောင်းအောင်ကစားနိုင်တဲ့ အသင်းတွေက အနိုင်ရသွားတာပါပဲ။ အဲဒီလို ရှုံးထွက်ပြိုင်ပွဲတွေမှာ ဒီလိုမျိုးရလဒ်တွေက အမြဲတမ်းမြင်တွေ့နေရတဲ့ အရာမျိုးပါပဲ'' ဟုပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
