အာဆင်နယ်အသင်းနောက်ခံလူ ဆိုကရာတစ်က မန်ယူအသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်အတွက် မိမိတို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းနောက်ခံလူ ဆိုကရာတစ်က မန်ယူအသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်အတွက် မိမိတို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်-မန်ယူပွဲကို တနင်္ဂနွေည (၁၁းဝ၀)နာရီတွင် ကစားမည်ဖြစ်ပြီး လက်ရှိတွင် မန်ယူအသင်းက အဆင့် (၄)နေရာ၌ ရမှတ် (၅၈)မှတ်ဖြင့် ရပ်တည်နေကာ အာဆင်နယ်အသင်းက (၁)မှတ်အကွာဖြင့် အဆင့် (၅)နေရာတွင် ရပ်တည်လျက်ရှိသည်။
ထို့ကြောင့် အဆိုပါပွဲစဉ်မှာ (၂)သင်းစလုံးအတွက် အလွန်အရေးပါသည့် ပွဲစဉ်တစ်ပွဲဖြစ်ပြီး မန်ယူအသင်းကို အနိုင်ရရှိရေးအတွက် ရာနှုန်းပြည့်ပေးဆပ်သွားမည်ဖြစ်ကြောင်း အာဆင်နယ်နောက်ခံလူ ဆိုကရာတစ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဆိုကရာတစ်က '' မန်ယူနဲ့ပွဲကို ကျွန်တော်တို့အိမ်ကွင်းမှာ ကစားရမှာပါ။ ဒါကြောင့် ဒီပွဲမှာ မန်ယူအသင်းက အနိုင်ရဖို့ ရေပန်းစားတဲ့အသင်းလို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ မန်ယူနဲ့ပွဲစဉ်အတွက်လည်း ကျွန်တော်တို့မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ မန်ယူနဲ့ပွဲစဉ်ဟာ ကျွန်တော်တို့နှစ်သင်းစလုံးအတွက် အလွန်အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပွဲစဉ်အတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ PSG နဲ့ မန်ယူပွဲကို ကျွန်တော်တို့ ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူတို့ကိုရင်ဆိုင်ဖို့ အသင့်ပါပဲ။ မန်ယူနဲ့ပွဲစဉ်မှာ ကျွန်တော်တို့အနေနဲ့ (၁၀၀) ရာခိုင်နှုန်းပေးဆပ်ကစားသွားမှာပါ" ဟုပြောကြားခဲ့သည်။
အာဆင်နယ်နှင့် မန်ယူအသင်းတို့သည် ယခုရာသီတွင် (၂)ကြိမ်တွေ့ဆုံခဲ့ပြီး ပရီးမီးယားလိဂ် ပထမအကျော့ပွဲစဉ်တွင် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ (၂-၂)ဂိုးဖြင့်သရေကျခဲ့ကာ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်တွင်မူ မန်ယူအသင်းက အာဆင်နယ်အသင်းကို အီမရိတ်စ်ကွင်းတွင် (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
