တာဒစ်ကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စောင့်ကြည့်နေကြပြီး ယင်းအထဲတွင် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ပါဝင်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo ကဖော်ပြခဲ့သည်။
ဥရောထိပ်တန်းကလပ်များဖြစ်သည့် ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးအသင်းတို့သည် အေဂျက်စ်အသင်းကွင်းလယ်တိုက်စစ်ကစားသမား တာဒစ်အား ခေါ်ယူရန်စောင့်ကြည့်နေကြကြောင်း သိရသည်။
အသက် (၃၀)နှစ်အရွယ်ရှ ဆာဘီးယားကွင်းလယ်တိုက်စစ်ကစားသမား တာဒစ်သည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၄) အေဂျက်စ်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး မီဒီယာများနှင့် ဘောလုံးဝေဖန်သူများ၏ ချီးကျူးမှုကိုခံခဲ့ရသူဖြစ်သည်။
ထို့ကြောင့် တာဒစ်ကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စောင့်ကြည့်နေကြပြီး ယင်းအထဲတွင် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ပါဝင်နေကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo ကဖော်ပြခဲ့သည်။
တာဒစ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဆာဘီးယားကလပ် ဗိုဗိုဒီနာအသင်းတွင် စတင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆောက်သမ်တန်အသင်းတွင် (၄)ရာသီကြာကစားခဲ့သူဖြစ်သည်။
၄င်းသည် ယခုရာသီအစပိုင်းတွင် ဆောက်သမ်တန်အသင်းမှ အေဂျက်စ်အသင်းသို့ ယူရို (၁၃)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၄၀)တွင် (၂၆)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည်။
မီဒီယာများ၏ ဖော်ပြမှုအရ တာဒစ်၏ လက်ရှိတန်ကြေးမှာ ယူရိုသန်း (၃၀)ခန့်သာ ရှိသည့်အတွက် ၄င်းအားခေါ်ယူလိုသည့်အသင်းများ များပြားနေခြင်းဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
