ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) အပြီးတွင် မန်ယူအသင်းသည် ရမှတ် (၅၈) မှတ်ဖြင့် အဆင့် (၄) နေရာ၌ ရပ်တည်နေပြီး အဆင့် (၅) နေရာမှ အာဆင်နယ်နှင့် တစ်မှတ်သာ ကွာဟသည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အာဆင်နယ်နှင့်ပွဲအား အာရုံစိုက်ထားရန် အသင်းသားများကို တိုက်တွန်းခဲ့သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG အသင်းအား ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် မန်ယူအသင်းသည် မတ်လ (၁၀) ရက် (မြန်မာစံတော်ချိန် တနင်္ဂနွေည ၁၁းဝ၀ နာရီ)တွင် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို ကစားရမည်ဖြစ်သည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၂၉) အပြီးတွင် မန်ယူအသင်းသည် ရမှတ် (၅၈) မှတ်ဖြင့် အဆင့် (၄) နေရာ၌ ရပ်တည်နေပြီး အဆင့် (၅) နေရာမှ အာဆင်နယ်နှင့် တစ်မှတ်သာ ကွာဟသည်။
ဆိုးလ်ရှားက "အာဆင်နယ်ပွဲဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရာသီကုန်မှာ အဆင့် (၄) နေရာအတွင်း ရပ်တည်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အာဆင်နယ်အသင်းနဲ့ FA ဖလားပြိုင်ပွဲမှာ တွေ့ဆုံခဲ့ဖူးတာကြောင့် သူတို့အသင်းကို အနိုင်ယူဖို့ ဘယ်လောက်ခက်ခဲမှန်း ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့အနေနဲ့ အာဆင်နယ်နဲ့ပွဲကို အာရုံစိုက်မှုအပြည့်နဲ့ ကစားသွားဖို့လိုပါတယ်"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းတာဝန်ရှိသူများသည် PSG အသင်းကို အနိုင်ရရှိပြီးနောက် ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် တစ်နှစ်လစာ ပေါင် (၇.၅) သန်းဖြင့် ခန့်အပ်ရန် စီစဉ်နေကြောင်း လည်း သတင်းများထွက်ပေါ်နေသည်။ မန်ယူအသင်းသည် နည်းပြဟောင်း မော်ရင်ဟိုကို ခန့်အပ်ခဲ့စဉ်ကမူ တစ်နှစ်လစာ ပေါင် (၁၅) သန်းအထိ ပေးချေခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
