PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခဲ့ရသည့်အတွက် စိတ်ပျက်သော်လည်း နည်းပြ တူဟယ်လ်ကို ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
PSG အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်တွင် ပထမအကျော့က အဝေးကွင်း၌ (၂-၀)ဂိုးဖြင့် အနိုင်ရထားသည့် မန်ယူအသင်းကို ဒုတိယအကျော့တွင် အိမ်ကွင်း၌ (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အဝေးဂိုးစနစ်ဖြင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
PSG အသင်း၏ အဓိကပစ်မှတ်မှာ ချန်ပီယံလိဂ်ဖလားဖြစ်ပြီး ယခုကဲ့သို့ ပြိုင်ပွဲမှထွက်ခွာခဲ့ရသဖြင့် နည်းပြ တူဟယ်လ်၏ အနာဂတ်မှာ လှုပ်ခတ်လာပြီဟု ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။
သို့သော် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီက မိမိတို့အနေဖြင့် တူဟယ်လ်ကို ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အယ်လ်ခီလိုင်ဖီက "သောမတ်စ်(တူဟယ်လ်)ကို ကျွန်တော် ယုံကြည်ပါတယ်။ အခုအချိန်က ဆုံးဖြတ်ချက်ရမယ့် အချိန်မဟုတ်ပါဘူး။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ တည်ငြိမ်အောင် အရင်ကြိုးစားရမှာဖြစ်ပြီး နည်းပြ ဘာလိုချင်တယ်ဆိုတာ ကြည့်ရမှာပါ။ ဒါက အရေးကြီးပါတယ်။ မန်ယူနဲ့ပွဲက ရလဒ်နဲ့ အသင်းရဲ့စွမ်းဆောင်မှုကို စိတ်ပျက်ရပါတယ်။ ဘာလို့ ဒီလိုဖြစ်သွားလဲဆိုတာတောင် ကျွန်တော် နားမလည်နိုင်ပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာလည်း ကစားရော မန်ယူအသင်းကို လက်ဆောင် (၂) ဂိုးပေးလိုက်တယ်။ ဒါကို ကျွန်တော် နားမလည်နိုင်တာပါ။ ရာသီကတော့ မပြီးသေးပါဘူး။ လီဂူးပြိုင်ပွဲနဲ့ ပြင်သစ်ဖလားပြိုင်ပွဲတွေ ကစားဖို့ ရှိပါသေးတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် မန်ယူအား (၁-၃) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် VAR ကိုကြည့်ပြီး မန်ယူအသင်းကို ပယ်နယ်တီပေးခဲ့သည့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကိုလည်း အယ်လ်ခီလိုင်ဖီက ဝေဖန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
