အာဆင်နယ်အသင်းဝါရင့်ဂိုးသမား ပီတာချက်က ရန်းစ်အသင်းနှင့်ပွဲစဉ်တွင် နောက်ခံလူ ဆိုကရာတစ်၏ အနီကတ်ပြစ်ဒဏ်က ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် မတ်လ (၇) ရက်နေ့က ကစားခဲ့သည့် ယူရိုပါလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ပြင်သစ်ကလပ် ရန်းစ်အသင်းကို အဝေးကွင်း၌ (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် အဆိုပါပွဲစဉ်တွင် ရန်းစ်အသင်းကို ပွဲချိန် (၃) မိနစ်၌ သွင်းယူခဲ့သည့် အီဝိုဘီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် (၄၁) မိနစ်၌ ဆိုကရာတစ်အထုတ်ခံရပြီးနောက် ချေပဂိုးနှင့် အနိုင်ဂိုးများခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပီတာချက်က "ဆိုကရာတစ်ရဲ့အနီကတ်က ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒီပြစ်ဒဏ်ဘောကနေ ကျွန်တော်တို့ ချေပဂိုးပေးခဲ့ရသလို ဒုတိယပိုင်းတစ်ပိုင်းလုံး (၁၀) ယောက်တည်းနဲ့ ကစားခဲ့ရတာက ကျွန်တော်တို့အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ ဒုတိယဂိုးပေးလိုက်ရတာကတော့ ကျွန်တော်တို့ ကံဆိုးခဲ့တာပါ။ လူထိလမ်းကြောင်း ပြောင်းခဲ့တာဖြစ်ပြီး တတိယဂိုးကတော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ အဝေးဂိုးရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေပါသေးတယ်"ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယူရိုပါလိဂ် (၃၂) သင်းအဆင့်တွင်လည်း BATE အသင်းကို အဝေးကွင်းတွင် (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အိမ်ကွင်းတွင် (၃-၀) ဂိုးဖြင့် အနိုင်ရကာ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။
ထို့ကြောင့် ပီတာချက်က ရန်းစ်အသင်းကို အိမ်ကွင်းတွင် အနိုင်ယူကာ နောက်တစ်ဆင့်တက်နိုင်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
