Top News

နည်းပြ ဆိုလာရီကို ရီးယဲလ်အသင်း ထုတ်ပယ်တော့မည်ဟု သတင်းထွက်ပေါ်
24htopnews | December 25, 2024 6:12 AM CST

ရီးယဲလ်မက်ဒရစ်အသင်း၏ဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်နှင့် အမှုဆောင်ချုပ်ဖြစ်သူ ဟိုဆေးအိန်ဂျယ်လ်ဂိုးမက်ဇ်တို့သည် ဆိုလာရီ၏ အနာဂတ်ကို ဆုံးဖြတ်ရန်အတွက် အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးအပြီးတွင် ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ပြီဟု စပိန်မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းနည်းပြ ဆိုလာရီအား ရာထူးမှထုတ်ပယ်တော့မည်ဟု သတင်းထွက်ပေါ်လာခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်း၏ဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်နှင့် အမှုဆောင်ချုပ်ဖြစ်သူ ဟိုဆေးအိန်ဂျယ်လ်ဂိုးမက်ဇ်တို့သည် ဆိုလာရီ၏ အနာဂတ်ကို ဆုံးဖြတ်ရန်အတွက် အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးအပြီးတွင် ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ပြီဟု စပိန်မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းက တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း မီဒီယာများ၏ဖော်ပြချက်အရ အမြဲတမ်းနည်းပြရာထူးအတွက်မူ ရာသီကုန်အထိ စောင့်သွားမည်ဖြစ်ပြီး လက်ရှိအနေအထားအရ အသင်း၏ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဟူဂိုဆန်းချက်ဇ်က ယာယီကိုင်တွယ်သွားဖွယ်ရှိနေသည်။ 

ဟူဂိုဆန်းချက်ဇ်ကလည်း ရာသီကုန်အထိသာ ကိုင်တွယ်ခွင့်ရလျှင်ပင် ရီးယဲလ်အသင်းအတွက် နည်းပြပေးရန် ဆန္ဒရှိသည်ဟု ဆိုလာရီကို မခန့်မီက ESPN သတင်းဌာနသို့ ပြောခဲ့ဖူးပြီး ထိုအချိန်ကမူ ပီရက်ဇ်သည် ဆိုလာရီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနှစ်ရာသီတွင် ချန်ပီယံလိဂ်၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲတို့မှ ထွက်ခွာခဲ့ရပြီး လာလီဂါပြိုင်ပွဲတွင်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် (၁၂) မှတ်အထိ ကွာဟနေသည်။

READ NEXT
Cancel OK