စင်ကာပူလိဂ်တွင် ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်းနှင့် မြန်မာ ယူ-၁၈ အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ နီဂါတာအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၁၈ အသင်းသည် နည်းပြသစ် ဦးစိုးမြတ်မင်းလက်ထက် ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး အတွေ့အကြုံပိုင်းနှင့် ဘောလုံးပညာထူးချွန်သည့်ကစားသမားများဖြင့် ဖွဲ့စည်းထားသော နီဂါတာအသင်းကို ယှဉ်မကစားနိုင်ဘဲ ရှုံးနိမ့်ခဲ့သည်။
မြန်မာ ယူ-၁၈ အသင်းသည် မိနစ် (၃၀) အထိ ကစားပုံပျက်နေပြီး နောက်ပိုင်းမှသာ အပြန်အလှန်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ နီဂါတာအသင်းအတွက် ဂိုးများကို (၁၄) မိနစ်တွင် ဟိုရီကိုရှီ၊ (၂၇၊ ၇၉) မိနစ်တွင် ကာမာတာတို့က သွင်းယူပြီး မြန်မာ ယူ-၁၈ အသင်းအတွက် ချေပဂိုးကို (၈၆) မိနစ်တွင် သူရအောင်က သွင်းယူခဲ့သည်။ နီဂါတာအသင်းသည် စင်ကာပူလိဂ်တွင် နောက်ဆုံးသုံးရာသီဆက်တိုက် ဗိုလ်စွဲထားသည့်အသင်းလည်းဖြစ်သည်။
နီဂါတာအသင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် မတ် (၉) ရက်တွင် မြန်မာ ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
