လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် အဲဗာတန်နှင့်ပွဲတွင် ဂိုးမရှိသရေကျခဲ့သည့်အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခြင်းမရှိဘဲ မန်စီးတီးအသင်းနှင့် (၁)မှတ်အကွာဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
လီဗာပူးလ်အသင်းသည် ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့သည့် (၄) ပွဲတွင် (၃) ပွဲမှ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပေ။
သို့သော် လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ပရီးမီးယားလိဂ်လက်ကျန် (၉) ပွဲတွင် ချန်ပီယံဆုအတွက် အခွင့်အရေးရဦးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ကလော့ပ်က "အမှတ်ပေးဇယားမှာ ဒုတိယနေရာကို ရောက်သွားပေမယ့် ကျွန်တော်တို့ အကောင်းမြင်နေဆဲပါပဲ။ ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့က လိုပါသေးတယ်။ ကျွန်တော်တို့ ပွဲတွေအများကြီး ကစားရဦးမှာပါ။ လောလောဆယ်မှာတော့ ရပ်တည်မှုက ပြောင်းလဲသွားတယ်။ ကျွန်တော်တို့က ဒုတိယဖြစ်သွားပြီး မန်စီးတီးက ပထမဖြစ်သွားတယ်။ ဒါပေမဲ့ ရာသီက မကုန်ဆုံးသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်မလျှော့သေးပါဘူး"ဟု ပြောကြားခဲ့သည်။
ဘောလုံးဝေဖန်သူအဖြစ် လုပ်ကိုင်နေသည့် မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်ကမူ လီဗာပူးလ်အနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အာရုံစိုက်ရန် ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်လျှော့သင့်သည်ဟု မှတ်ချက်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
