Top News

ဘိုင်ယန်မြူးနစ်အသင်းနှင့် ဆုဖလားများရယူနိုင်ရန် မျှော်လင့်ကြောင်း နာဘရီ ပြောကြား
24htopnews | December 25, 2024 6:12 AM CST

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား နာဘရီက အသင်းနှင့်အတူ ဆုဖလားများရယူနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

အသက် (၂၃) နှစ်အရွယ်ရှိ ဂျာမနီတောင်ပံကစားသမား နာဘရီသည် မတ်လ (၅) ရက်နေ့က ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၀၂၃ ခုနှစ်အထိ ရှိနေမည့် သက်တမ်းတိုးစာချုပ်ကို စာချုပ်ဆိုခဲ့သည်။

နာဘရီသည် ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ၀ါဒါဘရီမင်အသင်းမှ ပေါင် (၈) သန်းဖြင့် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ယခုရာသီတွင် အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သည်။

နာဘရီက "ကျွန်တော် ဘိုင်ယန်မြူးနစ်အသင်းမှာ အရမ်းအဆင်ပြေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခွင့်ရတဲ့အတွက် ပျော်ရွှင်နေပြီး အသင်းနဲ့အတူ ဆုဖလားတွေအများကြီး ရယူလိုပါတယ်။ လောလောဆယ်မှာ ကျွန်တော် ခြေစွမ်းပြကစားနေဆိုပေမယ့် ကျွန်တော့်အနေနဲ့ အခုထက်ပိုပြီးတိုးတက်လာအောင် ဆက်လက်ကြိုးစားသွားမှာပါ"ဟု ပြောကြားခဲ့သည်။

နာဘရီသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၉) ပွဲတွင် (၈) ဂိုး သွင်းယူထားသည်။


READ NEXT
Cancel OK