မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းတောင်ပံကစားသမား ဆန်းချက်ဇ်အနေဖြင့် ဒူးဒဏ်ရာကြောင့် (၄) ပတ်မှ (၆) ပတ်ခန့်အထိ အနားယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်သည် ဆောက်သမ်တန်အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၅၂) မိနစ်တွင် ဒါလော့နှင့် လူစားလဲခဲ့ရသည်။
PSG အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲကြိုပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆိုးလ်ရှားက ဆန်းချက်ဇ်အနေဖြင့် ဒဏ်ရာမှ လျင်မြန်စွာပြန်လည်သက်သာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဆိုးလ်ရှားက "ဆန်းချက်ဇ်ရဲ့ ဒူးဒဏ်ရာက တော်တော်လေးတော့ ဆိုးပါတယ်။ ဒါကြောင့် သူ့အနေနဲ့ (၄) ပတ်ကနေ (၆) ပတ်လောက်အထိ အနားယူရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဆန်းချက်ဇ်ကို ဒဏ်ရာက အလျင်အမြန် ပြန်လည်သက်သာလာဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ဆန်းချက်ဇ်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသူဖြစ်သည်။
ဆန်းချက်ဇ်သည် မန်ယူအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၂၃) ပွဲတွင် (၂) ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
