ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက ဘိုင်ယန်မြူးနစ်ကစားသမားများဖြစ်သည့် ဘိုတန်၊ ဟမ်းမဲလ်နှင့် မူလာတို့ကို လက်ရွေးစင်အသင်းတွင် ရွေးချယ်တော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်နောက်ခံကစားသမားများဖြစ်သည့် ဘိုတန်နှင့် ဟမ်းမဲလ်တို့မှာ အသက် (၃၀)နှစ်ရှိပြီဖြစ်ပြီး မူလာမှာ (၂၉)နှစ်ရှိပြီဖြစ်သည်။ ဘိုတန်၊ ဟမ်မဲလ်နှင့် မူလာတို့သည် ဂျာမနီအသင်းအတွက် (၃)ဦးပေါင်း (၂၄၆)ပွဲ ကစားခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းတွင် ပါဝင်ကစားခဲ့ကြသည်။
ဂျာမနီအသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ကျရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ၂၀၁၈ ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသလို UEFA Nations League ပြိုင်ပွဲတွင်လည်း League (A) မှတန်းဆင်းခဲ့ရသည်။
ယော်ကင်လိုးက ဂျာမနီအသင်းကို သွေးသစ်များဖြင့် ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ဘိုတန်၊ ဟမ်းမဲလ်နှင့် မူလာတို့ကို ရွေးချယ်တော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယော်ကင်လိုးက ''ဟမ်းမဲလ်၊ ဘိုတန်၊ မူလာတို့ဟာ ဂျာမနီအသင်းနဲ့အတူ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့ကြပါတယ်။ လက်တွဲခဲ့တဲ့ကာလတစ်လျှောက် သူတို့စွမ်းဆောင်ပေးခဲ့တာတွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။အခုက ဂျာမနီအသင်းကို အနာဂတ်အတွက် ပြင်ဆင်ရတော့မယ့်အချိန်ဖြစ်ပြီး အသင်းကို လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ အခုအချိန်က ဂျာမနီအသင်းကို ပြောင်းလဲရမယ့်အချိန်ဖြစ်ပြီး လူငယ်တွေ တာဝန်ထမ်းဆောင်ရမယ့် အလှည့်ရောက်လာပါပြီ" ဟုပြောကြားခဲ့သည်။
ဂျာမနီလက်ရွေးစင်အသင်းအတွက် တိုက်စစ်မှူး မူလာက ပွဲ (၁၀၀)၊ နောက်ခံလူများဖြစ်သည့် ဘိုတန်က (၇၆) ပွဲနှင့် ဟမ်းမဲလ်က ပွဲ (၇၀) ကစားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
