Top News

ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ်
24htopnews | December 25, 2024 1:12 PM CST

ရန်ကုန်မြို့လယ်တွင် သွားလာနေသူများကို တွေ့ရစဉ်

ကိုဗစ်(COVID-19)တတိယလှိုင်းကို လူများသေဆုံး၊ ကူးစက်ပျံ့နှံ့မှုနှုန်း အမြင့်ဆုံးနဲ့ ဖြတ်သန်းပြီးတဲ့နောက် ကိုဗစ်နှင့်ယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ် (New Normal Life) ကို ပိုပြီးအလေးပေးလာကြတယ်။နှာခေါင်းစည်း Surgical Mask တပ်ခြင်း၊ လက်ကို ရေ၊ ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကျော်ကြာ ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်းတို့က ရေရှည်ပြုကျင့်ရမယ့် စည်းကမ်းများအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပွားတဲ့ ကိုဗစ် (COVID-19) အယ်ဖာ (Alpha) မျိုးကွဲထက် ၂၀၂၁ ဒယ်တာ (Delta) မျိုးကွဲက ကူးစက်နှုန်း နှစ်ဆမြန်ပြီး သေဆုံးနှုန်း နှစ်ဆပိုစေပါတယ်။ ယနေ့အထိ ဒယ်တာမျိုးကွဲရဲ့ ခြိမ်းခြောက်မှုများ ခံနေရဆဲဖြစ်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာပါတယ်။ အမေရိကန်၊ ဗြိတိန်၊ အစ္စရေးတို့က မျိုးဗီဇပြောင်း ကိုဗစ်အန္တရာယ် ကာကွယ်နိုင်ရေး၊ ထပ်ဆင့်မြှင့် ကိုဗစ်တတိယ အကြိမ် ထိုးနှံနေကြပြန်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကန့်ကွက်ထားပေမဲ့ သူ့ နိုင်ငံ၊ သူ့လူမျိုး ကိုဗစ်ကင်းစင်ရေးဆောင်ရွက်နေလို့ အပြစ်မတင်သင့်ပါဘူး။

ဗြိတိန်သုတေသီတို့က လမ်ဘဒါ (Lumbader) ဗီဇပြောင်းကိုဗစ်အပေါ်  ဖိုင်ဇာ (Pfizer) နဲ့ မိုဒါနာ (Moderna )ကာကွယ် ဆေးလိုမျိုး (mRNA)နည်းပညာသုံး ကာ ကွယ်ဆေးတွေရဲ့ သက်ရောက်မှုကို စမ်းသပ် ခဲ့ကြပြီး လမ်ဘဒါဗီဇပြောင်း ကိုဗစ်ရောဂါပိုးဟာ ကာကွယ်ဆေးကြောင့် ထွက်ရှိထားတဲ့ ကိုယ်ခံအားကို အနည်းငယ်ကျော်လွန်နိုင်စွမ်းရှိပေမဲ့ ကာကွယ်ဆေး ထိုးပြီးသူတွေအ ပေါ် ဆိုးဆိုးရွားရွား ကူးစက်မှု မရှိဘူးဆိုတယ်။ ဒါကြောင့်လည်း ထပ်ဆင့်မြင့်ကာကွယ်ဆေး (တတိယအကြိမ်) ထိုးနှံနေကြတာပဲဖြစ်တယ်။

ကိုဗစ်ဖြစ်ပြီးသူတွေ လူ့ပတ်ဝန်းကျင်မှာ ခံစားမှုအမျိုးမျိုး ရှိနေနိုင်ပါတယ်။ နှလုံးဖောက် ပြန်မှုနဲ့ လေသင်ဓုန်းဖြတ်ခြင်းဖြစ်တတ်ပြီး သွေးခဲကြီးတွေက သွေးကြောကြီးတွေမှာ သွားပိတ်နေတာကြောင့်ဖြစ်တယ်။ နှလုံး ပျက်စီးမှုဖြစ်ရခြင်း အကြောင်းရင်းက နှလုံးကြွက်သားရှိ ဆံခြည်မျှင်သွေးကြောထဲ၊ သွေး ခဲလေးများ သွားပိတ်ဆို့နေလို့ပဲဖြစ်တယ်။ သွေးခဲတာအပေါ် သက်ရောက်မှုရှိတဲ့ခန္ဓာ ကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေထဲမှာ အဆုတ်၊ ခြေထောက်၊ အသည်းနဲ့ ကျောက်ကပ် တို့လည်း ပါဝင်တယ်။ သွေးခဲတွေက သွေးကြောနံရံမှာ သွားပိတ်လိုက်တဲ့အခါ သွေး ကြောပေါက်မှုဖြစ်ကာ လူကိုရေရှည်ဒုက္ခပေး တတ် ပါတယ်။ ကိုဗစ်နောက်ဆက်တွဲရောဂါ အများစုဟာ သွေးခဲခြင်းကိုအခြေခံပြီးဖြစ် တာလို့ ဆိုပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားချိန်၊ မဖြစ်သော အချိန်၊ ဖြစ်ပွားပြီးချိန်မှာ စိတ်ပိုင်းဆိုင်ရာထိ ခိုက်မှုတွေ ရှိနေပါတယ်။ ရောဂါကြောက်ရွံ့မှု၊ လူတစ်ဦးမှတစ်ဦး ကူးစက်မှာကြောက်ရွံ့မှု၊ ရောဂါဖြစ်ပြီး နာလန်ထမှာ စိတ်ပင်ပန်းမှုများ ကြုံတွေ့ကြရပါတယ်။ အထူးကြပ်မတ်ကုသမှုခံယူရကာ အောက်ဆီဂျင် ရှူရသူတွေအဖို့ အသက်ကူရှူကိရိယာလိုမျိုး စက်ပစ္စည်းတွေ အကူအညီနဲ့ လွတ်မြောက်လာကြပေမဲ့ မသိ စိတ်ထဲ အောက်ဆီဂျင်ရှူဖို့ စဉ်းစားနေဆဲ ကြုံနေရပါတယ်။ စိတ်ဖိစီးမှုတွေက စိတ်ကျ ရောဂါဖြစ်ကာ စိုးရိမ်ကြောင့်ကြမှု ဖြစ်စေ တယ်။ တစ်ရက်နှစ်ရက်နဲ့မပြီး၊ တစ်လနှစ်လ နဲ့လည်းမပြီး အတိုင်းအတာ အတိအကျမရှိ သေးပါဘူး။ နာတာရှည်မောပန်းတဲ့ဒဏ် ခံ စားကြရပါတယ်။ သာမန်တစ်ကိုယ်ရေ သန့် ရှင်းရေး၊ ထမင်းထည့်စားဝါးနေရရင်လည်း မောပန်းနေတတ်ပါတယ်။ အနားယူတဲ့နေရာ မှာလည်း လနဲ့ချီကာ နားနေကြရပါတယ်။ အလုပ်ခွင်မှခွင့်ရတဲ့တိုင် အနားယူခါမှ သက် သာမှု မရတာတွေလည်းရှိပါတယ်။ စိတ် ဓာတ်ပျော့ညံ့သွားတတ်ပြန်တယ်။

ဘယ်တော့အလုပ်ခွင်ပြန်မလဲ။ ကိုယ့်ရဲ့ ခံစားနေရမှုက ကိုယ်တိုင်အသိဆုံးဖြစ်ပါ တယ်။ ကိုယ်ကအလုပ်ကြမ်းသမား၊ ကုန် ထမ်းသမားဆိုရင် ခန္ဓာကိုယ်ပင်ပင်ပန်းပန်း လုပ်ဖို့ အခြေနေမပေးသေးပါဘူး။ စာရေးစာ ချီဆိုလည်း ပင်ပင်ပန်းပန်း မလုပ်နိုင်သေးပါ ဘူး။ ကွန်ပျူတာတစ်လုံးနဲ့ ဒီဇိုင်နာတစ် ယောက်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လည်း နဂိုအနေအထားပြန်ရောက်ဖို့ အချိန် တစ်ခု ယူရပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်၊ သြဂုတ်မှာ တစ် ကမ္ဘာလုံး ကိုဗစ်ကပ် (COVID-19) ရောဂါ ခံစားနေရသလို မြန်မာနိုင်ငံမှာလည်းကိုဗစ် ရဲ့ဒဏ် ခံစားကြရပါတယ်။ လူတိုင်းနီးပါးဖြစ် ပွားတဲ့ ကိုဗစ်လက္ခဏာတွေက အပူကြီးခြင်း၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ခေါင်းကိုက် ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ လည်ချောင်းနာ ခြင်း၊ အနံ့အရသာပျောက်ခြင်း၊ အိပ်မရခြင်း၊ အစားအစာ မစားမသောက်ချင်ခြင်း၊ စိတ် တည်ငြိမ်မှုမရခြင်းတို့ဖြစ်တယ်။ ရောဂါ လက္ခဏာတွေပြပြီဆိုရင် ကိုဗစ် COVID-19 တွေ့ မတွေ့ အိမ်မှာသာ နေသင့်ပါတယ်။ အိမ်သားမိသားစုဝင်တို့နဲ့ ခွဲနေသင့် တယ်။ အသုံးအဆောင်ပစ္စည်း သီးခြားသုံးစွဲ သင့်ပါတယ်။ ဘယ်အချိန်အထိ အိမ်မှာပဲနေ ဆိုတာ တိုင်းတာရမယ့်အချက် သုံးချက်ရှိပါ တယ်။

ကိုဗစ်လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းမရှိ တော့ဘဲ နေပြန်ကောင်းလာတဲ့အချိန်အထိ  ရောဂါပြပြီး အနည်းဆုံး ၁၀ ရက်ကြာတဲ့အထိ အဖျားကျဆေးမသောက်ဘဲ အဖျားမတက် တာ ၂၄ နာရီကြာတဲ့အထိ အိမ်မှာနေသင့်ပါ တယ်။ ရောဂါလက္ခဏာ စပြပြီးသည်မှ အနည်းဆုံး ၁၀ ရက်ကြာတဲ့အထိ အဖျားကျ ဆေးမသောက်ရဘဲ ၂၄ နာရီကြာတဲ့အထိဖြစ် တယ်။

ကိုယ့်ရဲ့အပူချိန်ဟာ ၁ ရက်နေ့မှာ စရင်အဖျားကျတာ ၂၀ ရက်နေ့ဆိုရင် နောက်ဆုံးရက်အထိ အိမ်မှာနေသင့်ပါ တယ်။ ၂၁ ရက်နေ့မှာ လုပ်ငန်းခွင်ပြန်ဝင်နိုင် ပါတယ်။ အမေရိကန်သမ္မတဟောင်း ဒေါ် နယ်ထရန့်ရောဂါကူးစက်စဉ်က ကိုဗစ်ဆေး (Remdesivir) ဆေးဝါး သုံးရက်မြောက်ထိုး အပြီး လေးရက်မြောက်မှာ သမ္မတတာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ခဲ့တာက အမှတ် တရပဲဖြစ်တယ်။

သည်လိုပဲ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ် ဂျွန်ဆင် ကိုဗစ် (COVID-19) ကူးစက်မှု ကြောင့် ဆေးရုံအထူးကြပ်မတ်ဆောင်မှာကု သမှုခံယူစဉ်မှာ ဝန်ကြီးချုပ်တာဝန်ကို နိုင်ငံ ရေးဝန်ကြီးက ခေတ္တတာဝန်ပူးတွဲထမ်း ဆောင်စေပြီး ဘုရင်မကြီးထံသို့ ဝန်ကြီးချုပ် ဆုံးပါးသွားပါက နိုင်ငံခြားရေးဝန်ကြီးကို ဝန် ကြီးချုပ်ခန့်အပ်ကြောင်း စာချွန်လွှာ အသင့် ထားရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါ ပြင်းထန်တဲ့အခြေအနေ  ပေါ် မူတည်ပြီး ဆရာဝန်နဲ့ စနစ်တကျပြသ ပြီး ကုသမှုခံယူကာ ညွှန်ကြားချက် လိုက်နာ ခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။ ရော ဂါလက္ခဏာပြတာ ၁ ရက်နေ့မှ ၄ ရက်နေ့မှာ ဆေးမသောက်ဘဲ အဖျားကျတယ်။ နောက် ထပ် ၂၄ နာရီစောင့်ကြည့်၊ ငါးရက်မြောက်နေ့ မှာ အိမ်မှာနေပြီး ၁၁ ရက်မြောက်နေ့မှာလုပ် ငန်းခွင်ဝင်နိုင်ပါတယ်။ ဒါကရာသီတုပ်ကွေး ဖျားပုံစံလိုပဲပေါ့။

လုပ်ငန်းခွင်ပြန်ဝင်ရပြီဆိုလည်း တစ် ယောက်နဲ့တစ်ယောက် အတတ်နိုင်ဆုံး ခြောက်ပေခွာနေရမယ်။ နှာခေါင်းစည်း Surgical Mask တပ်ရမယ်။ လက်ကို ရေ၊ ဆပ်ပြာနဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက် ဆေးကြောရမယ်။ လူစုလူဝေးရှောင်ရမယ်။လုပ်ငန်းခွင်ကချမှတ်ထားတဲ့ ကိုဗစ် COVID-19 ရောဂါကာကွယ်တားဆီးရေးရဲ့လမ်းညွှန်ချက်အတိုင်း လိုက်နာသင့်ပါတယ်။

ကိုဗစ်ကာလမှာ အော်ဒါ (Order)လျှော့ မှာခြင်း၊ အော်ဒါပယ်ဖျက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲ့ လက်ခစားအထည်ချုပ်၊ ဖိနပ်၊ အိတ်ချုပ်လုပ်ငန်း (CMP)တစ်ခုလုံး ရပ်လု နီးပါးဖြစ်ကာ ဝန်ထမ်းများ အလုပ်ရပ်စဲခံရ ပြန်ပါတယ်။ အခြားလုပ်ငန်း၊ ဌာနတွေက လည်း စီးပွားရေးပျက်ကပ်နဲ့ ကြုံရပြန်ကာ လုပ်ငန်းပြောင်းလုပ်ကုန်လို့ အလုပ်လက်မဲ့ တွေ များလာတယ်။လုပ်ငန်းလိုအပ်ချက်ကို စနစ်တကျစိစစ်ကာ ဝန်ထမ်းခေါ်ယူမှုအနည်း ဆုံးဖြစ်အောင် ဆောင်ရွက်လာကြတဲ့ ရင်းနှီး မြှုပ်နှံမှုအသစ်တွေလည်း တွေ့ရပါမယ်။

ကိုဗစ် (COVID-19) ကပ်ရောဂါ ကာလမှာ ကိုယ့်ကို မကူးစက်စေရေး သတိနဲ့ ဆင်ခြင်လိုက်နာပြီး စီးပွားရေးမလုပ်ဆောင် နိုင်ရင်တောင်မှ မိသားစုကျန်းမာရေး၊ ပျော် ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးအတွက် အိမ် ထဲမှာနေ (Stay at Home) ကို လိုက်နာကာ  ကိုဗစ်အလွန် စီးပွားရေးပြန်လည်ကောင်းမွန် လာစေရေး မျှော်လင့်ဆုတောင်းပေးပါရစေ။


READ NEXT
Cancel OK