ဂျူဗင်တပ်စ်အသင်းခေါင်းဆောင် ချီလီနီသည် ဒူးဒဏ်ရာခွဲစိပ်ကုသမှုခံယူခဲ့ခြင်းကြောင့် (၆) လခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းခေါင်းဆောင် ချီလီနီသည် ဒူးဒဏ်ရာခွဲစိပ်ကုသမှုခံယူခဲ့ခြင်းကြောင့် (၆) လခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
အသက် (၃၅) နှစ်အရွယ်ရှိ အီတလီဝါရင့်နောက်ခံလူ ချီလီနီသည် ပြီးခဲ့သည့် သြဂုတ်လ (၂၄) ရက်နေ့က ပါးမားအသင်းအား (၁-၀) ဂိုးဖြင့် အနိုင်ရသည့် စီးရီးအေပွဲစဉ်တွင် ညာဘက်ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ (၃) ရက်နေ့က ယင်းဒဏ်ရာကို ခွဲစိပ်ကုသမှုခံယူခဲ့ကြောင်း သိရသည်။
ချီလီနီသည် ယင်းဒဏ်ရာကြောင့် ယခုတစ်ပတ်အတွင်း ကစားမည့် အီတလီအသင်း၏ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်များကို လွဲချော်မည်ဖြစ်သလို၊ (၆) လခန့်အနားယူဖွယ်ရှိသည်ဟု ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ခဲ့သည်။
ဂျူဗင်တပ်စ်အသင်း၏ ထုတ်ပြန်ချက်တွင် "ချီလီနီသည် အင်္ဂါနေ့က ၎င်း၏ညာဘက်ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို ခွဲစိပ်ကုသမှုခံယူခဲ့ရာ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းနှင့် ချီလီနီအနေဖြင့် ဒဏ်ရာမှ ပြန်လည်သက်သာလာရန် (၆) လခန့် အနားယူရဖွယ်ရှိနေကြောင်း"ပါရှိသည်။
ချီလီနီသည် ၂၀၀၅ ခုနှစ်တွင် ရိုးမားအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို (၄.၃) သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် (၁၅) ရာသီအတွင်း ပြိုင်ပွဲစုံ (၅၀၇) ပွဲတွင် (၃၆) ဂိုး သွင်းယူပေးထားသည်။
ထို့ပြင် ချီလီနီသည် အီတလီလက်ရွေးစင်အသင်းအတွက်လည်း (၁၀၃) ပွဲအထိ ပါဝင်ကစားပေးထားပြီး (၈) ဂိုး သွင်းယူပေးထားသည်။
ချီလီနီက မိမိအနေဖြင့် နောက်ထပ် (၂) ရာသီခန့် ဘောလုံးဆက်ကစားလိုကြောင်းနှင့် လက်ရှိအချိန်တွင် ဒဏ်ရာကြောင့် အသင်းဖော်များကို မကူညီနိုင်သည့်အတွက် ခံစားရကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
