ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် အေဒင်ဟာဇက်နှင့် ၎င်း၏ညီဖြစ်သူ သော်ဂန်ဟာဇက်တို့သည် ယူရို-၂၀၂၀ ခြေစစ်ပွဲကစားမည့် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် အေဒင်ဟာဇက်နှင့် ၎င်း၏ညီဖြစ်သူ သော်ဂန်ဟာဇက်တို့သည် ဒဏ်ရာပြဿနာများကြောင့် ယူရို-၂၀၂၀ ခြေစစ်ပွဲကစားမည့် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း ကစားမည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား အေဒင်ဟာဇက်နှင့် ၎င်း၏ညီဖြစ်သူ ဒေါ့မွန်ကွင်းလယ်တိုက်စစ်ကစားသမား သော်ဂန်ဟာဇက်တို့မှာ ဒဏ်ရာပြဿနာများကြောင့် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက ချယ်လ်ဆီးအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ယူရိုသန်း (၁၀၀) ဖြင့် ပြောင်းရွှေ့ခဲ့သည့် ဟာဇက်သည် ပေါင်ဒဏ်ရာကြောင့် လက်ရှိအချိန်အထိ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ကစားနိုင်ခြင်းမရှိသေးပေ။
သော်ဂန်ဟာဇက်မှာလည်း ဒေါ့မွန်အသင်းအတွက် ကစားရင်း ကျောရိုးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်သည် ၎င်းတို့ (၂) ဦးစလုံးကို ရွေးချယ်ခဲ့သော်လည်း ကစားသမားများမှာ ဒဏ်ရာအကင်းမသေသည့်အတွက် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘယ်လ်ဂျီယံအသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲ အုပ်စု (I) တွင် ရုရှား၊ ကာဇက်စတန်၊ စကော့တလန်၊ ဆိုက်ပရပ်စ်၊ ဆန်မာရီနိုအသင်းတို့နှင့် ကျရောက်နေပြီး စက်တင်ဘာ (၆) ရက်တွင် ဆန်မာရီနို၊ စက်တင်ဘာ (၉) ရက်တွင် စကော့တလန်တို့နှင့် ကစားရမည်ဖြစ်သည်။
ဘယ်လ်ဂျီယံအသင်းသည် လက်ရှိတွင် အုပ်စု (I) ၌ (၄) ပွဲကစား (၄) ပွဲနိုင်၊ ရမှတ် (၁၂) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
