Top News

အင်္ဂလန်အသင်းနည်းပြရာထူးကိုစိတ်ဝင်စားကြောင်း ဒေးဗစ်ဘက်ခမ် ဝန်ခံ
24htopnews | December 25, 2024 1:12 PM CST

နာမည်ကျော် အင်္ဂလန်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်က မိမိအနေဖြင့် အင်္ဂလန်အသင်းနည်းပြရာထူးကို စိတ်ဝင်စားကြောင်း ဝန်ခံခဲ့သည်။ 

နာမည်ကျော် အင်္ဂလန်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်က မိမိအနေဖြင့် အင်္ဂလန်အသင်းနည်းပြရာထူးကို စိတ်ဝင်စားကြောင်း ဝန်ခံခဲ့သည်။ 

အသက် (၄၄) နှစ်အရွယ်ရှိ ဘက်ခမ်သည် ၂၀၁၃ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။ 

ဘက်ခမ်သည် နည်းပြလောကသို့ ဝင်ရောက်ခြင်းမရှိဘဲ အမေရိကန်တွင် အင်တာမိုင်ယာမီအသင်းကို တည်ထောင်ထားပြီး လာမည့် ၂၀၂၀ ရာသီ မေဂျာလိဂ်ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ဘက်ခမ်သည် အမေရိကန်မဂ္ဂဇင်း GQ နှင့်တွေ့ဆုံရာတွင် အင်္ဂလန်အသင်းနည်းပြရာထူးကို စိတ်ဝင်စားကြောင်း ပြောကြားခဲ့သည်။ 

ဘက်ခမ်က "အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် အောင်မြင်ခဲ့တဲ့ ကျွန်တော့်ကို အင်္ဂလန်နည်းပြအဖြစ် ခန့်ချင်တဲ့လူတွေ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)မှာ ရှိမယ်လို့ ထင်ပါတယ်။ တကယ်လို့ အင်္ဂလန်နည်းပြရာထူးအတွက် ကျွန်တော့်ကို ကမ်းလှမ်းလာမယ်ဆိုရင် စဉ်းစားသွားမှာပါ။ ဒါက အင်္ဂလန်အသင်းကို ချစ်တဲ့ ကျွန်တော် လုပ်ချင်တဲ့ အလုပ်ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

သို့သော် ဘက်ခမ်က လက်ရှိအင်္ဂလန်နည်းပြ ဆောက်ဂိတ်၏ စွမ်းဆောင်မှုများကို သဘောကျကြောင်းနှင့် မိမိအနေဖြင့် အင်္ဂလန်နည်းပြရာထူးကို ဆက်ခံနိုင်သည့်အရည်အချင်းရှိ၊ မရှိကို မသိကြောင်းလည်း ပြောကြားခဲ့သည်။ 

 


READ NEXT
Cancel OK