စပိန်အသင်းနည်းပြ ရောဘတ်မော်ရီနိုက မိမိအနေဖြင့် အသင်းခေါင်းဆောင် ရာမို့စ်ကို ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးနိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။
စပိန်အသင်းနည်းပြ ရောဘတ်မော်ရီနိုက မိမိအနေဖြင့် အသင်းခေါင်းဆောင် ရာမို့စ်ကို ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်မပေးနိုင်ကြောင်း သတိပေးပြောဆိုခဲ့သည်။
အသက် (၃၃) နှစ်အရွယ် ၀ါရင့်နောက်ခံလူ ရာမို့စ်သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း၌ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသူ ဖြစ်သည်။
ရောဘတ်မော်ရီနိုက ရာမို့စ်မှာ လူငယ်ကစားသမားများကို ကူညီပေးနိုင်သူဖြစ်သော်လည်း ခြေစွမ်းမပြနိုင်ပါက ပွဲထွက်ကစားခွင့်ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ရောဘတ်မော်ရီနိုက "လူငယ်ကစားသမားတွေအတွက် ရာမို့စ် ရှိနေတာကို ကျွန်တော် ဝမ်းသာပါတယ်။ သူက လူငယ်တွေအတွက် အကူအညီဖြစ်မှာ သေချာပါတယ်။ ကျွန်တော်တို့မှာ ဗဟိုနောက်ခံနေရာအတွက် မျိုးဆက်သစ်တွေ အများကြီး ရှိပြီး ရာမို့စ်နေရာမှာ အစားထိုးနိုင်တဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ဒီတော့ ရာမို့စ်အနေနဲ့ ခြေစွမ်းမပြနိုင်ဘူးဆိုရင် စပိန်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ကျွန်တော် အာမမခံနိုင်ပါဘူး။ ရာမို့စ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် အထူးအခွင့်အရေးရမှာ မဟုတ်ဘဲ တခြားကစားသမားတွေနဲ့အတူ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
စပိန်အသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲအဖြစ် စက်တင်ဘာ (၅) ရက်တွင် ရိုမေးနီးယားအသင်းနှင့် အဝေးကွင်းပွဲစဉ်၊ စက်တင်ဘာ (၈) ရက်တွင် ဖာရိုးကျွန်းစုများနှင့် အိမ်ကွင်းပွဲစဉ်များကို ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
စပိန်အသင်းသည် ယူရို-၂၀၂၀ ခြေစစ်ပွဲ အုပ်စု (F) တွင် (၂) ပွဲကစားထားပြီး (၂) ပွဲစလုံး အနိုင်ရကာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
