ဂျူဗင်တပ်စ်အသင်း၏ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပေါ်တူဂီတစ်နှစ်တာအကောင်းဘောလုံးသမားဆုကို စံချိန်တင် အဖြစ် (၁၀) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
ဂျူဗင်တပ်စ်အသင်း၏ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပေါ်တူဂီတစ်နှစ်တာအကောင်းဘောလုံးသမားဆုကို စံချိန်တင် အဖြစ် (၁၀) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယင်းဆုကို ၂ဝဝရ ခုနှစ်က စတင်ရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တောင်ပံကစားသမား ဆီမာအို၊ ၂၀၁၄ ခုနှစ်တွင် နောက်ခံလူ ပီပီတို့ ရရှိခဲ့သည်မှအပ ကျန်နှစ်များတွင် သိမ်းပိုက်ထားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယခုနှစ်အကောင်းဆုံးဆုအတွက် အက်သလက်တီကိုအသင်းမှ ကြယ်ပွင့် ယာအိုဖီးလစ်၊ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား၊ စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၊ ဝုလ်ဗ်ကွင်းလယ်လူ ရူဘင်နေးဗက်စ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ (၂) ရက်က လစ္စဘွန်းမြို့တွင် ပြုလုပ်ခဲ့ပြီး စီရော်နယ်လ်ဒိုက "ကမ္ဘာကြီးဟာ ဆိုရှယ်မီဒီယာတွေ၊ ရုပ်သံသတင်းမီဒီယာတွေနဲ့အတူ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ အထိန်းအကွပ်တော့ မဲ့နေတာအမှန်ပါပဲ။ ဒီနှစ်က ကျွန်တော့်အတွက် ခက်ခဲရှုပ်ထွေးလွန်းတဲ့နှစ် ဖြစ်ခဲ့ပါတယ်။ ဘယ်တစ်ဦးတစ်ယောက်ကိုမှ ကျွန်တော့်ဘဝကို ဆွဲချဖို့ ခွင့်မပြုခဲ့ပါဘူး။ ကျွန်တော် မကူညီနိုင်ပေမယ့် ခန့်မှန်းလို့ရနိုင်တာတစ်ခုရှိပါတယ်။ လာမယ့်နှစ်မှာ စပို့တင်းလစ္စဘွန်းအနေနဲ့ အနည်းဆုံး ဆုတစ်ခုရဖို့ ထိုက်တန်ပါတယ်"ဟု ပြောကြားခဲ့သည်။
ယင်းဆုပေးပွဲတွင် ပေါ်တူဂီတစ်နှစ်တာအကောင်းဆုံးဘောလုံးသမား (အမျိုးသမား)ဆုအပါအဝင် ဆု (၁၅) ခုအထိ ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကို လိုင်ယွန်အမျိုးသမီးအသင်းတိုက်စစ်မှူး ဂျက်ဆီကာဆေးလ်ဗားက ရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
