နွေရာသီတွင် ဗဟိုခံစစ်ကစားသမား မခေါ်ယူခဲ့ခြင်းကို ဂွါဒီယိုလာ ကာကွယ်ပြောဆို
24htopnews | December 25, 2024 1:12 PM CST
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် အသင်းအနေဖြင့် ၀ါရင့်နောက်ခံလူ ကွန်ပနီထွက်ခွာသွားပြီးနောက် ဗဟိုခံစစ်ကစားသမားတစ်ဦး အစားထိုးမခေါ်ယူခဲ့ခြင်းကို ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မန်စီးတီးဗဟိုနောက်ခံလူ လာပေါ့တ်မှာ ဘရိုက်တန်နှင့်ပွဲ၌ ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် ကာလရှည်အနားယူရဖွယ်ရှိနေသည်။
ထို့ပြင် အခြားဗဟိုနောက်ခံလူတစ်ဦးဖြစ်သည့် စတုန်းစ်မှာလည်း ကြံ့ခိုင်မှုမပြည့်ဝသေးဘဲ ဘရိုက်တန်နှင့်ပွဲတွင် လာပေါ့တ်နေရာ လူစားဝင်ခဲ့သည့် ကွင်းလယ်လူ ဖာနန်ဒင်ဟိုကိုသာ ဗဟိုနောက်ခံနေရာ၌ အသုံးပြုသွားရဖွယ်ရှိနေသည်။
ဂွါဒီယုုိလာက ''တခြားအသင်းတွေက သူတို့ကစားသမားတွေကိုရောင်းချဖို့ လာကမ်းလှမ်းတိုင်း ခေါ်ယူဖို့ စဉ်းစားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့စုဖွဲ့မှုရှိပြီးသားပါ''ဟု ဆိုခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
