မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် မွန်ဂို လီးယားလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင် ကစားမည့်ပွဲအား ပြည်တွင်းအခမဲ့ရုပ်သံလိုင်းတစ်ခုမှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် မွန်ဂိုလီးယားလက်ရွေးစင်အသင်းတို့သည် စက်တင်ဘာ ၅ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့ရှိ MFF Football Center ၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
''မွန်ဂိုလီးယားဘောလုံးအဖွဲ့ချုပ်က အဲဒီပွဲအတွက် ရုပ်သံထုတ်လွှင်ခွင့်ကို ရောင်းချထားပြီးဖြစ်နေပါတယ်။ သူတို့ပြည်တွင်းရုပ်သံကုမ္ပဏီတစ်ခုကိုရော ပြည်ပရုပ်သံကုမ္ပဏီတစ်ခုကိုပါ ရောင်းချထားတာပါ။ အဲဒါကြောင့် ကျွန်တော် တို့အနေနဲ့ ဒီပွဲကို ရုပ်သံထုတ်လွှင့်ခွင့်ရရှိထားတဲ့ ပြည်ပကုမ္ပဏီနဲ့ ချိတ်ဆက်ညှိနှိုင်းနေပါတယ်။ အဲဒီကုမ္ပဏီဘက်ကနေ အခု အချိန်ထိ ကျွန်တော်တို့ဆီကို အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး ပြသခွင့်ရရှိဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ တစ်ဖက်က အကြောင်းပြန်ကြားလာတာနဲ့ ချက်ချင်းဆိုသလို သတင်းထုတ်ပြန်ပေးသွားမှာပါ''ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားပြီးနောက် သြဂုတ် ၃၁ ရက်တွင် တရုတ်နိုင်ငံမှ မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အူလန်ဘာတာ မြို့၌ စက်တင်ဘာ ၁ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
