အင်တာမီလန်အသင်း၏တိုက်စစ်မှူး လူကာကူသည် အေစီမီလန်အသင်းကို (၃-၀)ဂိုးဖြင့် အနိုုင်ရရှိခဲ့သည့်ပွဲတွင် အသင်းအတွက် ဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံရာတွင် သူ့ကိုယ်သူ ''နတ်ဘုရား''ဟု တင်စားခေါ်ဆိုခဲ့ပြီး၊ အေစီမီလန်တိုက်စစ်မှူး အီဘရာ ဟီမိုဗစ်ကို လှောင်ပြောင်ခဲ့ကြောင်း သိရှိရသည်။
လူကာကူနှင့် အီဘရာဟီမိုဗစ်တို့သည် ပြီးခဲ့သည့်လအတွင်းက ကစားခဲ့သည့် ကိုပါအီတာလီယာဖလား၊ ကွာတားဖိုင်နယ်ပွဲစဉ်တွင် အကြီးအကျယ်အချင်းများခဲ့ကြပြီး၊ ထိုအချိန်က အီဘရာဟီမိုဗစ်သည် လူကာကူအား ကြမ်းတမ်းသည့် လှောင်ပြောင် ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
၎င်းတို့နှစ်ဦးသည် မန်ယူအသင်းတွင် အတူကစားခဲ့ကြဖူးပြီး၊ အီဘရာဟီမိုဗစ်က အင်တာဗျူးတစ်ခုတွင် လူကာကူ၏ ဘောလုံးအထိန်းအသိမ်း၊ ဘောလုံးဦးနှောက်တို့နှင့်ပတ်သက်ပြီး ဝေဖန်မှုများလည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရှိရသည်။
ယခု အင်တာမီလန်အသင်းက အနိုင်ရခဲ့သည့်ပွဲတွင်မူ လူကာကူသည် ဂိုးသွင်းယူခဲ့ပြီးနောက် ''God''ဟု သူ့ကိုယ်သူ လက်ညှိုးညွှန်ကာ ဆိုခဲ့ခြင်းဖြစ်ပြီး အီဘရာဟီမိုဗစ်ကို ရည် ရွယ်လှောင်ပြောင်ခဲ့ခြင်းလည်း ဖြစ်သည်။
အီဘရာဟီမိုဗစ်သည် မကြာသေးမီက ''မီလန်မြို့မှာ ဘယ်တုန်းကမှ ဘုရင် မရှိခဲ့ဖူးဘူး။ အခုတော့ နတ်ဘုရားတစ်ပါးကို ပိုင်ဆိုင်ထားပါပြီ''ဟု ပြောခဲ့ဖူးခြင်းအပေါ် လှောင်ပြောင်ခဲ့ခြင်းလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
