စပါးအသင်း၏နည်းပြဖြစ်သူ မော်ရင်ဟိုသည် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့သည့်ပွဲတွင် စပါးအသင်းနည်းပြဘဝ ပရီးမီးယားလိဂ် ပွဲ (၅၀)ပြည့်မြောက်ခဲ့ရာ ၎င်း၏နည်းပြဘဝတစ်လျှောက် ပွဲ (၅၀)ပြည့်အောင် ကိုင်တွယ်ခဲ့သည့် အသင်းအားလုံးထဲတွင် ရမှတ်အနည်းဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအသင်းအား ရှုံးနိမ့်သည့် လန်ဒန်ဒါဘီပွဲစဉ်သည် မော်ရင်ဟိုအတွက် စပါးအသင်းနည်းပြဘဝ ပရီးမီးယားလိဂ်ပွဲ (၅၀)နှင့် ပြိုင်ပွဲစုံ (၇၅)ပွဲမြောက်ဖြစ်သည်။
ယင်းပွဲတွင် အိမ်ရှင်ဝက်စ်ဟမ်းအသင်းက ပွဲအစ (၅)မိနစ်တွင် အန်တိုနီယို၊ (၄၇) မိနစ်တွင် လင်ဂတ်တို့ သွင်းယူသည့်ဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့ပြီး စပါးအတွက် ချေပဂိုးတစ်ဂိုးကို (၆၄) မိနစ်တွင် လူးကပ်စ်မော်ရာက ပြန်လည်သွင်းယူခဲ့သည်။
စပါးအသင်းသည် နောက်ဆုံးကစားထားသည့် ပရီးမီးယားလိဂ် (၆)ပွဲတွင် (၅)ပွဲမြောက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး(၂၄)ပွဲကစားအပြီးတွင် ရမှတ်(၃၆) မှတ်ဖြင့် အဆင့် (၉)နေရာ ရောက်ရှိနေသည်။
မော်ရင်ဟိုအတွက် အမှတ်ပေးပွဲ (၅၀)အပြီးတွင် ရမှတ်အများဆုံးရယူနိုင်ခဲ့သည့်ကလပ်မှာ ချယ်လ်ဆီးအသင်းဖြစ်ပြီး ပထမအကြိမ်ကိုင်တွယ်စဉ် အမြင့်ဆုံးရမှတ် (၁၅၀)အနက် (၁၂၆)မှတ်အထိ ရယူနိုင်ခဲ့ကြောင်း သိရသည်။
စပါးအသင်းအနေဖြင့် ယခုပွဲရှုံးနိမ့်မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် (၄)နေရာနှင့် တစ်ပွဲလျော့ (၉)မှတ်၊ ယူရိုပါလိဂ်ဝင်ခွင့် အဆင့် (၆)နေရာနှင့် တစ်ပွဲလျော့ (၄)မှတ်ကွာဟနေသော်လည်း မော်ရင်ဟိုက နည်းပြအဖွဲ့၏အရည်အသွေးနှင့်ပတ်သက်၍မူ ကာကွယ်ပြောကြားခဲ့သည်။
''ကျွန်တော့်ရဲ့နည်းလမ်းတွေကို သံသယဖြစ်စရာ လုံးဝမရှိပါဘူး။ ဒီရလဒ်တွေက ဘောလုံးလောကရဲ့အခြေအနေအမျိုးမျိုးမှာ ကြုံတွေ့ရတဲ့ အကျိုးဆက်တွေပါပဲ။ ကျွန်တော်နဲ့ နည်းပြအဖွဲ့ရဲ့ နည်းလမ်းတွေက ဒီကမ္ဘာမှာ နှစ်ယောက်မရှိနိုင်ပါဘူး''ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
