လာဇီယို - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၂း၃၀ နာရီ)
ဘိုင်ယန်မြူးနစ်က ဒီဘက်နှစ်တွေမှာ ဥရောပရဲ့အကောင်းဆုံးအသင်းအဖြစ် တည်ဆောက်နိုင်ခဲ့တာတွေ့ရပြီး၊ ဒီအချိန်မှာ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရတဲ့အသင်းမှန်သမျှ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာပဲ။ လာဇီယိုက စုစည်းမှုနဲ့ ကစားတဲ့အသင်းဖြစ်သလို မာကျောပြီး အရည်အသွေးမြင့်ပါတယ်။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်က လာဇီယိုလို စုစည်းမှုနဲ့ အရည်အသွေးထက် ခေါင်းတစ်လုံးမက ပိုမြင့်နေတဲ့အသင်းဖြစ်နေတာ တွေ့ရတယ်။ ကစားဟန်ဆင်တယ်လို့ ပြောလို့ရပေမဲ့ ဘိုင်ယန်မြူးနစ်က ပိုအရည်အသွေး မြင့်ပြီး၊ ပိုထိရောက်ပြင်းထန်တယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ တစ်ပွဲ (၃)ဂိုးနှုန်းသွင်းလာတဲ့အသင်းဖြစ်ပြီး၊ လာဇီယိုခံစစ်ကို ကျော်ဖြတ်ဖို့လည်း အခက်အခဲမရှိဘူး။ အခြားတစ်ဖက်မှာ လာဇီယိုက ဒီရာသီချန်ပီယံလိဂ်ပွဲတိုင်း ဂိုးပေးခဲ့ရတယ် ဆိုတဲ့အချက်ကိုလည်း သတိပြုရမယ်။ အာမီးနီးယား၊ ဖရန့်ဖတ်တို့နဲ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့ဘူးဆိုပေမဲ့ ဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ်အတွက် အချိန်တန်ရင်ရသွားမယ့် ဖလားပွဲဖြစ်ပြီး၊ သူတို့ရဲ့အာရုံက ချန်ပီယံလိဂ်ကို ပိုပြီးပစ်မှတ်ထားနေမှာလည်း သေချာတယ်။ ဆီမြွန်နီအင်ဇာဂီရဲ့အသင်းက အားကောင်း၊ စုစည်းမှုရှိပြီး အိမ်ကွင်းလည်းဖြစ်နေတာမှန်ပေမဲ့ ဘိုင်ယန်မြူးနစ်ပဲ အသာစီးယူလိမ့်မယ်။
အက်သလက်တီကို - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၂း၃၀ နာရီ)
နှစ်သင်းစလုံး အမှတ်ပေးပွဲမှာ ရလဒ်တွေ ကောင်းခဲ့ပြီးမှ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာတော့ ခြေချော်ခဲ့တာတွေ့ရတယ်။ အက်သလက်တီကိုက လီဗန်တေးကို ဂိုးပြတ်ရှုံးခဲ့သလို၊ ချယ်လ်ဆီးကလည်း ဆောက်သမ်တန်ကို သရေပဲကစားနိုင်ခဲ့တယ်။ နှစ်သင်းစလုံးရဲ့ အာရုံက ချန်ပီယံလိဂ်ကို ရောက်နေနိုင်တယ်လို့ ယူဆပါတယ်။ ချယ်လ်ဆီးက တူဟယ်လ်လက်ထက် မှာ ကစားပုံရော၊ ရလဒ်ပိုင်းပါ တိုးတက်လာတယ်။ ဒါပေမဲ့ သူ အဓိက အားပြုနေတဲ့ လူစာရင်းက ချယ်လ်ဆီးရဲ့အကောင်းဆုံး လူစာရင်းဟုတ်ရဲ့လားဆိုတာကိုတော့ စဉ်းစားရမယ်။ ရေရှည်မှာ အပြောင်းအလဲဖြစ်နိုင်ပေမဲ့ လက်ရှိ အနေအထားမှာတော့ လူစာရင်းကို အားမရဘူး။ ရလဒ်ပိုင်းနဲ့ ကစားပုံက ကောင်းနေတယ်ဆိုတော့ မှန်းရခက်တယ်။ ချယ်လ်ဆီး ပိုကောင်းလာနိုင် သေးတယ်လို့ ယူဆနိုင်သလို၊ ကစားသမားစုဖွဲ့မှုပိုင်းမှာ နည်းနည်းအားနည်းနေသလိုလည်းဖြစ်နေတယ်။ အက်သလက်တီကိုက ဂိုးတွေအများကြီး သွင်းလေ့မရှိဘူး။ ခံစစ်ပိုင်းကတော့ နောက်ပိုင်းပွဲတွေမှာ ဂိုးတွေပေးနေရပေမဲ့ ပုံမှန်အားဖြင့် ဥရောပရဲ့ခံစစ်ပိုင်းအကောင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ ယူဆလို့ရပါတယ်။ ချယ်လ်ဆီးကလည်း ခံစစ်ပိုင်း သိသိသာသာတိုးတက်လာလို့ ဒီပွဲက ဂိုးနည်းနိုင်တဲ့ပွဲပါ။ (၁-၀၊ ၁-၁)လောက်ပဲ ဖြစ်မယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
