အားကစားနည်းပေါင်းစုံမှ လက်ရွေးစင်ကစားသမားများ၊ လက်ရွေးစင်ကစားသမားဟောင်းများသည် ဖေဖော်ဝါရီ(၂၂)ရက်က ၂၂၂၂၂ အထိမ်းအမှတ်ဖြစ်သော မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူ ထုတစ်ရပ်လုံးပါဝင်သည့် ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
အားကစားသမားဟောင်းများအပါအဝင် မြန်မာ့အားကစားနှင့် သက်ဆိုင်သူများစွာပါဝင်သည့် အားကစားပေါင်းစုံသပိတ်စစ်ကြောင်းတွင် လူအင်အား (၂၀၀)ခန့်ပါဝင်ပြီး ပြည်သူများ၏လှုပ်ရှားမှုကို ထောက်ခံသည့်အနေဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အားကစားပေါင်းစုံသပိတ်စစ်ကြောင်းသည် နံနက် (၈း၃၀)နာရီတွင် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်အရှေ့မှ စတင်စုဝေးကာ ချီတက်ခဲ့ခြင်းဖြစ်ပြီး UN ရုံးအရှေ့ထိ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''အားကစားနည်းပေါင်းစုံရဲ့ ချီတက်ဆန္ဒထုတ်ဖော်မှုကို ကျွန်တော်တို့ နံနက် (၈း၃၀)နာရီမှာ ရွှေဂုံတိုင်ကနေ စတင်ခဲ့ပါတယ်။ လူအင်အားကတော့ (၂၀၀) ကျော် ပါဝင်ခဲ့ကြပါတယ်။ ရွှေဂုံတိုင်ကနေတစ်ဆင့် ဘရူနိုင်းသံရုံး၊ အဲဒီကနေ UN ရုံးဘက်ကို ဆက်လက်ချီတက်ခဲ့ကြတာဖြစ်ပါတယ်''ဟု အဆိုပါသပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
အားကစားနည်းပေါင်းစုံမှ အားကစားသမားများပါဝင်သည့် သပိတ်စစ်ကြောင်း၏ယခုလှုပ်ရှားမှုမှာ ပထမဆုံးအကြိမ်အဖြစ် စုစည်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဘောလုံး၊ တိုက်ကွမ်ဒို၊ ကရာတေးဒို၊ ခြင်းလုံး၊ Esports တို့အပါအဝင် အားကစားနည်း ပေါင်းစုံမှ ကစားသမားဟောင်းများ၊ လက်ရွေးစင်များ၊ အားကစားလောကနှင့် သက်ဆိုင်သူများပါဝင်ခဲ့ကြောင်း သိရသည်။
''ဒီနေ့ သပိတ်စစ်ကြောင်းကို ပူးပေါင်းဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့အားကစားသမားတွေ အားလုံးဟာ ပြည်သူနဲ့အတူတူ တစ်သားတည်းရှိကြောင်းကို ညီညီညွတ်ညွတ်နဲ့ ပြသချင်တာပါ။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ဟာ ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့အတွက်ကြောင့် လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်လှုပ်ရှားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
