ချယ်လ်ဆီးအသင်း၏ နည်းပြ တူဟယ်လ်က ချန်ပီယံလိဂ်ရှုံးထွက်(၁၆) သင်းအဆင့်တွင် ရင်ဆိုင်ရမည့် အက်သလက်တီကိုတိုက်စစ်မှူး ဆွာရက်ဇ်ကို ချီး ကျူးပြောကြားမှု ပြုလုပ်ခဲ့ပြီး PSG အသင်းကို ကိုင်တွယ်စဉ်က ဆွာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဆွာရက်ဇ်သည် လက်ရှိအချိန်တွင် အက်သလက်တီကိုအသင်းတိုက်စစ်ကိုဦးဆောင်နေသူဖြစ်ပြီး အသင်း၏သွင်းဂိုးများအတွက်လည်း အဓိကအားထားနေရသူတစ်ဦးဖြစ်သည်။
ဆွာရက်ဇ်နှင့်ပတ်သက်ပြီး ''ကမ္ဘာ့အ ကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးကို စိတ်မဝင်စားတဲ့သူ မရှိနိုင်ပါဘူး။ သူက မွေးရာပါ ဂိုးသွင်းစွမ်းရည် ပြည့်ဝနေသူပါ။ ဂိုးတွေ ထပ်ထပ်သွင်းနိုင်ဖို့ အ တောမသတ်ဆာလောင်နေသူလည်းဖြစ်ပါတယ်။ PSG အသင်းမှာတုန်းက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်'' ဟု တူဟယ်လ်က ပြောကြားခဲ့သည်။
ဆွာရက်ဇ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က ဘာစီလိုနာအသင်းမှ အက်သလက်တီကိုအသင်းသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အက်သလက်တီကိုအသင်းအတွက် ယခုရာသီအတွင် လာလီဂါပွဲ (၂၀)ကစားကာ၊ (၁၆)ဂိုးအထိသွင်းယူပေးထားသူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
