စပါးအသင်း၏ နည်းပြ မော်ရင်ဟိုသည် ပရီးမီးယားလိဂ်မှထပ်မံထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စပါးအသင်းသည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လန်ဒန်ဒါဘီပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်နောက်ဆုံး(၆)ပွဲ၌ နိုင်ပွဲ(၁)ပွဲသာ ရရှိပြီး (၅)ပွဲရှုံးနိမ့်ခဲ့သည်။
ထို့ပြင် FA ဖလားပြိုင်ပွဲတွင်လည်း အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် နည်းပြ မော်ရင်ဟို ရာထူးမှထုတ်ပယ်ခံရတော့မည်ဟူသည့် ထင်ကြေးပေးမှုများ ပိုမိုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုသည် မူလက နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်၊ ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်တို့နှင့်အတူ ထုတ်ပယ်ခံရမည့်နည်းပြရေပန်းစား မှု၌ (ရး၂)လေးဖြင့်သာ ရပ်တည်နေခဲ့ရာမှ ယခု အခါ (၂၃း၁၀)လေးအထိ မြင့်တက်လာခဲ့ ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်တွင်မူ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် ရာထူးမှ ထုတ်ပယ်ခံရရန် အလားအလာအများဆုံးနည်း ပြအဖြစ် ရပ်တည်ခဲ့သည်။
စပါးအသင်းနှင့် နီးစပ်သူများကမူ စပါးအသင်းဥက္ကဋ္ဌ လီဗီသည် မော်ရင်ဟိုကို ရာထူးမှ အလျင်စလိုထုတ်ပယ်ဖွယ်မရှိဘဲ ရာသီကုန်အထိ အချိန်ပေးသွားဖွယ်ရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
