မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မိမိတို့အသင်း၏ လက်ရှိပုံစံကောင်းကို ရေရှည်ထိန်းထားရန် မဖြစ်နိုင်ကြောင်းနှင့် မိုချန်ဂလာဘတ်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အလှည့်ကျပေါ်လစီကို အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုုလာသည် အီမရိတ်စ်ကွင်းတွင် အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲစဉ်၌ ရှေ့ပွဲစဉ်တွင် ကစားခဲ့သည့် လူစာရင်းအား (၅)နေရာ အပြောင်းအလဲလုပ် ကစားသွားခဲ့ပြီး ဒဏ်ရာကြောင့် အနားယူနေရသည့် ဒီဘရိုင်းနားနှင့် ဂွန်ဒိုဂန်တို့လည်း ပြန်လည်ပါဝင်လာခဲ့သည်။
ထို့အတူ ဖာနန်ဒင်ဟို၊ ဂျွန်စတုန်းစ်၊ ဇင်ချန်ကိုတို့လည်း ပါဝင်ခဲ့ပြီး၊ ဝေါ်လ်ကာ၊ ဖိုဒန်နှင့် အဂွဲရိုးတို့ကို လူစားဝင်ကစားသမားအဖြစ်ပင် အသုံးပြုခဲ့ခြင်းမရှိချေ။
ယင်းပွဲတွင် အနိုင်ရခဲ့သော်လည်း ဂွါဒီယိုလာက မိမိတို့အသင်းသည် အာတီတာ၏အသင်းကို အနိုင်ရရှိရန်အတွက် ခက်ခက်ခဲခဲကစားခဲ့ရပြီး၊ ယင်းပွဲစဉ်သည် ထင်ထားသည့်အတိုင်း ခက်ခဲကြမ်းတမ်းခဲ့သည့်အတွက် ကစားသမားအချို့သည် အပိုအနားယူချိန် လိုအပ်နေပြီ ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက "ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းပဲ တကယ်ခက်ခဲခဲ့တဲ့ပွဲပါ။ ကျွန်တော်တို့လည်း တော်တော်လေး ထိခိုက်ခဲ့ပါတယ်။ မီခေးလ် (အာတီတာ)ရဲ့ အာဆင်နယ်အသင်းဟာ ကစားရခက်တဲ့အသင်းမျိုးဖြစ်ပြီး၊ ဒါကြောင့် ဒီပွဲကို အနိုင်ရအောင်ကစားနိုင်ခဲ့တဲ့ ကျွန်တော့်အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ချီးကျူးအသိအမှတ်ပြုပါတယ်။ လူတွေက ကျွန်တော်တို့ရဲ့ နိုင်ပွဲဆက်ပြေးလမ်းကြောင်းကို ကြည့်တဲ့အခါ၊ ကျွန်တော်တို့အတွက် လွယ်ကူတယ်လို့ မြင်ကြပါတယ်။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ ဒါကြောင့် ကျွန်တော့်ကစားသမားတွေ လုပ်နေတဲ့အရာ ကို အရမ်းချီးကျူးပါတယ်။ (၁-ဝ) ဆိုတဲ့ ရလဒ်မျိုးဟာ ကျွန်တော်တို့ လိုအပ်တဲ့ရလဒ်မျိုးဖြစ်ပါတယ်။ ဖာနန်ဒင်ဟိုက ကွင်းလယ်မှာ သူလုပ်နိုင်သမျှ အရာအားလုံးလုပ်ခဲ့ပြီး ကျွန်တော့်အတွက်တော့ သူတို့အားလုံးရဲ့ လုပ်နိုင်စွမ်းကို လိုအပ်ပါတယ်။ အခုဆိုရင် (၃)ရက်တစ်ခါ ပွဲတွေ ကစားရမှာဖြစ်ပြီး ကျွန်တော့်အသင်းကိုလည်း အလှည့်ကျပေါ်လစီနဲ့ သွားရမှာပါ။ လက်ရှိပုံစံကို ရေရှည်ထိန်းထားဖို့ကတော့ မဖြစ်နိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
