Top News

ဘာပေ သို့မဟုတ် ဟော်လန်းကိုခေါ်ယူမည့်အစီအစဉ်ဖြစ်နိုင်ဟု ဘာစီလိုနာဥက္ကဋ္ဌရွေးကောက်ပွဲဝင် တိုနီဖရက်ရှာ မှတ်ချက်ပြု
24htopnews | December 25, 2024 2:12 PM CST

 

ဘာစီလိုနာအသင်းသည် PSG အသင်း မှ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေ သို့မဟုတ် ဒေါ့မွန်အသင်းမှ နော်ဝေလူငယ်ကြယ်ပွင့် ဟော်လန်းတို့တစ်ဦးဦးကို ခေါ်ယူမည့် အစီအစဉ်မှာ အမှန်တကယ်ဖြစ်လာနိုင်သည်ဟု အသင်းဥက္ကဋ္ဌသစ်ရွေးကောက်ပွဲဝင်မည့် တိုနီဖရက်ရှာက မှတ်ချက်ပြုခဲ့သည်။

ဥရောပဘောလုံးလောက၏အနာဂတ်များဖြစ်သည့် ယင်းကစားသမားနှစ်ဦးကို ခေါ်ယူလိုသည့်အသင်းများအနေဖြင့် ပြောင်း ရွှေ့ကြေးမြင့်မားစွာ သုံးစွဲရဖွယ်ရှိနေသဖြင့် ဘဏ္ဍာရေးပြဿနာကြုံတွေ့နေရသည့် ဘာစီလိုနာအသင်းမှ ခေါ်ယူရန်ကြိုးပမ်းမှုမှာ ဖြစ်နိုင်ခြေနည်းပါးသည်ဟု သတင်းများက သုံးသပ်ခဲ့သည်။ 

ဘာစီလိုနာအသင်း၏ကြွေးမြီပမာဏမှာ ယူရို ၁ ဒသမ ၂ ဘီလျံအထိရှိ သည်ဟု အသင်းမှနောက်ဆုံးထုတ်ပြန်ထားသည့် ဘဏ္ဍာရေးအစီရင်ခံစာတွင် အတိအလင်းဖော်ပြထားသည်။ တိုနီဖရက်ရှာက ကတ်တလန်ရေဒီယို RAC 1 နှင့်တွေ့ဆုံမှု တွင် ဘာစီလိုနာအသင်းအနေဖြင့် ဘာပေ သို့မဟုတ် ဟော်လန်တစ်ဦးဦးကို ခေါ်ယူမှု မှာ အမှန်တကယ်ဖြစ်နိုင်ခြေရှိသည်ဟု ဖြေကြားခဲ့သည်။

ထို့အပြင် ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် အသင်းခေါင်းဆောင် မက်ဆီမှာမူ သူ၏အနာဂတ်ကို ဥက္ကဋ္ဌ ရွေး ကောက်ပွဲပြီးမှ ဆုံးဖြတ်ချက်ချဖွယ်ရှိနေ ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ ဘာစီလိုနာအသင်း၏ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို လာမည့်မတ်လ ၇ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဥက္ကဋ္ဌဟောင်း ယိုအန်လာပေါ်တာ၊ ဗစ်တာဖွန်နှင့် တိုနီဖရက်ရှာတို့ ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်သည်။

 


READ NEXT
Cancel OK