ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ က ကာဒစ်ဇ်အသင်းနှင့် ကစားသည့် ပွဲ၌ ဂိုးသွင်းယူခဲ့ပြီးနောက် လာလီဂါတွင် ဂိုးသွင်းယူနိုင်သည့် ပြိုင်ဘက် (၃၈)သင်းအထိရှိလာခဲ့ကြောင်း သိရသည်။
ထို့ပြင် ကာဒစ်ဇ်အသင်းနှင့်ပွဲ သည် မက်ဆီအတွက် ဘာစီလိုနာ ကစားသမားဘဝ (၁၇) ရာသီအတွင်း (၅၀၆) ပွဲမြောက် လာလီဂါပွဲစဉ်ဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်း ဇာဗီ၏ (၅၀၅) ပွဲစံချိန်ကို တစ်ပွဲအသာဖြင့် ကျော်ဖြတ်၍ စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဘာစီလိုနာအသင်း အတွက် မက်ဆီ၏ ပွဲအရေအတွက် စုစုပေါင်းမှာ (၇၆၁)ပွဲဖြစ်လာပြီး ဇာဗီ ၏ (၇၆၇)ပွဲစံချိန်ကို လိုက်မီရန် (၆)ပွဲ သာလိုအပ်တော့ကြောင်းလည်း သိရှိရသည်။
မက်ဆီသည် ယခုရာသီ၌ တန်းတက်လာသည့် ကာဒစ်ဇ်အသင်းအား ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်ခြင်း ဖြစ်ပြီး သမိုင်းတစ်လျှောက် ၎င်းဂိုးသွင်း ယူထားသည့် လာလီဂါပြိုင်ဘက်အသင်းမှာ စုစုပေါင်း (၃၈)သင်းရှိလာပြီ ဖြစ်သည်။ ယင်းဂိုးမှာ ယခုရာသီတွင် လာလီဂါပြိုင်ပွဲ၌ မက်ဆီအတွက် (၁၆) ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး အက်သလက်တီကိုတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်နှင့်အတူ ဂိုးသွင်းအများဆုံး စာရင်းတွင် ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။
ဘာစီလိုနာအသင်းသည် အဆိုပါပွဲတွင် မက်ဆီ၏ ပယ်နယ်တီဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ပွဲပြီးခါနီး (၈၉) မိနစ်တွင် ပယ်နယ်တီ ပြန်ပေးခဲ့ရ သောကြောင့် ကာဒစ်ဇ်အသင်းနှင့် တစ်ဂိုးစီသရေကျကာ လာလီဂါပြိုင်ပွဲ ၌ (၇)ပွဲဆက် နိုင်ပွဲရရှိထားမှု ရပ်တန့်သွားခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
