မန္တလေးမြို့တွင် ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲလူသတ်မှု ယခုရက်ပိုင်းတွင်းက ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဒီဇင်ဘာ ၁၉ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ် ၊အောင်သာယာရပ်ကွက် ၊၁၀၁ အေ လမ်း ၊ ၅၅လမ်းနှင့်၅၆လမ်းကြားရှိ ဒေါက်တာအောင်မြင့်မြတ်ထွန်း (အသက် ၃၃ နှစ်) သည် နံနက် ၉နာရီခွဲခန့်က အပြင်ဆေးခန်းသို့ ဆေးကုသရန်ထွက်သွားရာမှ အဆက်သွယ်မရတော့ကြောင်း နှင့် မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါက်တာအောင်မြင့်မြတ်အား ပြန်ပေးဆွဲထားကြောင်း ၊ အသက်ရှင်လျက် ပြန်လိုချင်ပါက ငွေကျပ်သိန်းသုံးထောင်ဖြင့် လာရွေးယူရန် ဖုန်းဝင်လာခဲ့ကြောင်း သိရသည်။
ထို့နောက် ညနေသုံးနာရီခန့်တွင် ဘုရားကြီးအနီးသို့ ငွေလာရောက်ပေးရန် ချိန်းဆိုသဖြင့် မိသားစုဝင်များမှ ငွေသိန်းသုံးထောင်ဖြင့်သွားရောက်ခဲ့ရာ မီနီအိုးဝေသမားမှတဆင့် အဆင့်ဆင့် လက်လွှဲယူခဲ့ပြီး ပြန်ပေးဆွဲခံရသူအား နောက်ရက်တွင် ပြန်ပို့ပေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မိသားစုဝင်များက သက်ဆိုင်ရာရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ငွေပေးခဲ့သည့် မီနီအိုးဝေမှတဆင့် ၊CCTV မှတ်တမ်းများအပါအဝင် စုံစမ်းခဲ့ရာ ပြန်ပေးဆွဲကျူးလွန်သူကို ဒီဇင်ဘာ ၁၈ ရက် နံနက် ကလည်းကောင်း ၊အတူကျူးလွန်သူကို ၁၉ ရက်နေ့တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ကျူးလွန်သူမှာလည်း ဆေးခန်းဖွင့်ထားသည့်ဆရာဝန်တစ်ဦးဖြစ်ပြီး ၎င်းပိုင်ဆေးခန်းတွင် ဆေးကုသရန်ခေါ်ဆောင်ခဲ့ကာ ပြန်ပေးဆွဲရန် အားထုတ်ခဲ့ခြင်းဖြစ်သည်။
" သူ့ဆေးခန်းကိုဆေးကုစရာရှိလို့ဆိုပြီး အသတ်ခံရတဲ့ဆရာဝန်ကို ခေါ်လိုက်တယ် ။အဲဒီမှာ သူနဲ့ဆေးခန်းအကူအမျိုးသားက ချုပ်ဖို့လုပ်တုန်း အော်ဟစ်ရုန်းကန်လို့ ပါးစပ်တွေပိတ် ဟိုလုပ် ဒီလုပ်လုပ်ရင်း သေသွားတယ်လို့ ကနဦး သိရတယ် ။တစ်ခြားဒဏ်ရာတွေနဲ့ပတ်သက်ပြီးတော့ စစ်ဆေးနေတုန်းပဲ။သေပြီးမှကို မိသားစုဆီ ပိုက်ဆံတောင်းတာ ။အဲကရတဲ့ ပိုက်ဆံနဲ့ ကားတွေဝယ် ၊ KTV တွေ သွားပြီး နောက်ရက်မနက်စောမှ အလောင်းကို လေယာဉ်ကွင်းဟောင်းနဲ့ ဆိုင်ကယ်လမ်းကြားအနီး မြောင်းထဲသွားပစ်ထားတာ ။အဓိကက ငွေပေးငွေယူလုပ်တဲ့ မှတ်တမ်းတွေကို cctvကတဆင့် ရလိုက်လို့ ဖမ်းမိတာ ။အဲကနေမှ အလောင်းဖွက်တဲ့ နေရာကို ထွက်ဆိုလို့ တွေ့ရတာ" ဟု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
