Top News

ယခုရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွင် ပရိသတ်အရေအတွက် တစ်သောင်းခန့် ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့် ရဖွယ်ရှိနေ
24htopnews | December 25, 2024 2:12 PM CST

 

၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီ နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ်-၃၈ တွင် ပရိသတ်အရေအတွက် တစ်သောင်း သို့မဟုတ် ကွင်းတွင်းဝင်ဆံ့သည့် ပရိသတ်ဦး ရေ၏ လေးပုံတစ်ပုံခန့်အထိ ခွင့်ပြုပေးသွား ဖွယ်ရှိကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေအ ပေါ်မူတည်၍ အနာဂတ်အစီအစဉ်များ ချမှတ်ထားရာတွင် မေလ ၁၇ ရက်နေ့မှစပြီး အားကစားပြိုင်ပွဲများ၌ ပရိသတ်များကို ပြန်လည်ကြည့်ရှုခွင့်ပြုနိုင်တော့မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

သို့သော် အဆင့်ခွဲခြား သတ်မှတ်မှုများ ရှိနေဦးမည်ဖြစ်သလို၊ ကွင်းဝင်ဆံ့ပရိသတ်အပေါ်မူတည်၍ ဝင်ရောက် ကြည့်ရှုခွင့်ပြုမည့် ပရိသတ်အရေအတွက်ကို သတ်မှတ်ပေးမည်ဖြစ်ရာ ပရီးမီးယားလိဂ်အ သင်းအများစုမှာ အိမ်ကွင်းတွင် ပရိသတ် သောင်းဂဏန်းအထိ ဝင်ရောက်ကြည့်ရှုခွင့် ပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမပြီးဆုံးမီ ကြည့်ရှုခွင့်ရမည် ဖြစ်ကြောင်း သိရသည်။ 

ပွဲစဉ်-၃၈ မှာ မေလ ၂၃ ရက်တွင် တစ်ပြိုင်တည်းကစားမည်ဖြစ် သောကြောင့် ဗြိတိန်အစိုးရ၏ကန့်သတ် စည်းမျဉ်းများ ဖြေလျှော့ပေးမည့်အစီအစဉ်တွင် ပါဝင်ခြင်းလည်းဖြစ်သည်။


READ NEXT
Cancel OK