PSG အသင်း၏ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာသည် ပြီးခဲ့သည့်မေလအတွင်း ပါရီမြို့ရှိ ဟိုတယ်တစ်ခု၌ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထား ရကြောင်း သိရသည်။
ဘရာဇီးလ်နိုင်ငံရှိ ဆော်ပေါ်လိုရဲတပ်ဖွဲ့ထံ တိုင်ကြားထားသည့် အချက်အလက်များအရ နေမာနှင့် အမည်မဖော်ပြသည့် အမျိုးသမီးတစ်ဦးသည် Instagram မှတစ်ဆင့် ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦး မက်ဆေ့ချ်များအပြန်အလှန်ပိ့ုခဲ့ပြီးနောက် နေမာ က ပါရီမြို့တွင်တွေ့ဆုံရန် လေယာဉ်လက် မှတ်ပို့ပေးခဲ့သလို Sofitel Paris Arc Du Triomphe ဟိုတယ်၌ အခန်းမှာယူပေးခဲ့ကြောင်း၊ မေ ၁၅ ရက်တွင် ဟိုတယ်သို့ နေမာ ရောက်ရှိလာစဉ် အရက်မူးနေသည်ဟုထင်ရကြောင်း၊ ထို့နောက် ၎င်းတို့နှစ်ဦး စကားပြောဆိုပြီးနောက် အပြန်အလှန်ပွေ့ဖက်နေစဉ် နေမာက ၎င်း၏ခွင့်ပြုချက်မရဘဲ လိင်ပိုင်းဆိုင်ရာကျူးလွန်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းသည် မေ ၁၇ ရက်တွင် ဘရာဇီးလ်သို့ပြန်သွား ခဲ့ပြီး ပါရီရဲတပ်ဖွဲ့ထံ မတိုင်ကြားခြင်းမှာ ကြောက်လန့်နေသလို အခြားနိုင်ငံတစ်ခု၌ တိုင်ကြားရမည်ကို စိုးရိမ်နေခြင်းကြောင့်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ယင်း ဖြစ်ရပ်နှင့်ပတ်သက်၍ နေမာ၏ဖခင်က စွပ်စွဲမှုများအား ငြင်းဆန်ထားပြီး ထောင်ချောက် တစ်ခုသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။
''ဒါက ထောင်ချောက်တစ်ခုဆိုတာ သေချာပါတယ်။ နေမာရဲ့ WhatApp မက်ဆေ့ချ်တွေအပြင် အဲဒီကောင်မလေးနဲ့ပြောထားတာတွေကိုပါ ပြလို့ရပါတယ်''ဟု ၎င်းက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
