ရွန်နီသည် ဒီစီယူနိုက်တက်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ထားသူဖြစ်ပြီး မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူရန် အလျင်မလိုကြောင်းလည်း ပြောကြားခဲ့သည်။
မေဂျာလိဂ်ကလပ် ဒီစီယူနိုက် တက်အသင်းတိုက်စစ်မှူး ရွန်နီက မိမိအနေဖြင့် ကစားသမားဘဝမှအနားယူပြီးပါက နည်းပြလုပ်ရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။
အသက် (၃၃) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟောင်း ရွန်နီသည် ၂၀၁၈ ခုနှစ်တွင် အဲဗာတန်အသင်းမှ ဒီစီယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။ ရွန်နီသည် ဒီစီယူနိုက်တက်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ထားသူဖြစ်ပြီး မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူရန် အလျင်မလိုကြောင်းလည်း ပြောကြားခဲ့သည်။
ရွန်နီက "လက်ရှိအချိန်မှာ အားလုံးအဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့စာချုပ်က ဒီနှစ်ကုန်ရင်တောင် နောက် (၂) နှစ်ကျန်ပါသေးတယ်။ စာချုပ်သက်တမ်းကုန်တော့မှပဲ အခြေအနေကိုကြည့်ပြီး ဘောလုံးဆက်ကစား၊ မကစားကို ကျွန်တော် ဆုံးဖြတ်မှာပါ။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝကို ဒီစီယူနိုက်တက်အသင်းမှာပဲ ကုန်ဆုံးမှာပါ။ ကစားသမားဘဝက အနားယူပြီးတာနဲ့ ကျွန်တော့်ရဲ့ရည်မှန်းချက်က နည်းပြလုပ်ဖို့ပါပဲ။ ဘယ်လိုကမ်းလှမ်းမှုတွေရှိလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ" ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
