မန်ယူအသင်းနည်းပြ အာမိုရင်မ်သည် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားသည့် အင်တာဗျူးအတွက် ၎င်းအား အကြံပေးခဲ့သူများကို မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း နောက်ဆုံးကစားထားသည့် မန်စီးတီး၊ စပါး၊ ဘုန်းမောက်အသင်းတို့နှင့် သုံးပွဲဆက်တိုက် အရန်စာရင်းမှာပင် မပါဝင်ဘဲ ချန်လှပ်ခံခဲ့ရသည်။ မန်စီးတီးအသင်းနှင့်ပွဲတွင် ချန်လှပ်ခံရပြီးနောက် နာမည်ကြီး အားကစားဂျာနယ်လစ် ဟင်နရီဝင်းတားနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ရပ်ရှ်ဖို့ဒ်က ၎င်းအနေဖြင့် စိန်ခေါ်မှုအသစ်တစ်ခုအတွက် အဆင်သင့်ဖြစ်နေပြီဟု ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါအင်တာဗျူးကြောင့် ရပ်ရှ်ဖို့ဒ်
အနေဖြင့် ဇန်နဝါရီမှာပင် မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေစဉ် အာမိုရင်မ်က ယခုလို မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
"ဒါက ခက်ခဲတဲ့အခြေအနေပါ။ အဲဒီ ကစားသမားတွေရဲ့ ပတ်ဝန်းကျင်မှာ လူတွေအများကြီးရှိပြီး သူတို့တွေက ကစားသမားရဲ့ ပထမဆုံးစိတ်ကူးမဟုတ်တဲ့အရာတွေကို ရွေးချယ်မှုလုပ်နေကြတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်က မားကပ်စ်ကို တခြားကစားသမားတစ်ယောက်လိုပဲ ကူညီပေးဖို့ ဒီနေရာမှာ အမြဲတမ်းရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ်လုပ်စရာရှိတာကို လုပ်ရပါမယ်။ သူတို့တွေက အင်တာဗျူးလုပ်ဖို့ ရွေးချယ်ကြတာဖြစ်ပြီး မားကပ်စ်တစ်ဦးတည်းကြောင့် မဟုတ်ပါဘူး။ ဒါကို ကျွန်တော်နားလည်ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ စွမ်းဆောင်ရည်နဲ့ လေ့ကျင့်မှုပုံစံကိုပဲ ကျွန်တော်အာရုံစိုက်ထားပါတယ်။ ကျန်တာကတော့ အချိန်တန်ရင် အသင်းကပဲ ကိုင်တွယ်ဖြေရှင်းတာက ကျွန်တော့်အတွက် ပိုကောင်းပါတယ်။ အခုအချိန်မှာ မားကပ်စ်တိုးတက်မှု ရှိလာဖို့ ကျွန်တော်အာရုံစိုက်ထားပါတယ်။ မားကပ်စ်လို အရည်အချင်းရှိတဲ့လူကို ကျွန်တော်တို့ လိုအပ်ပါတယ်။ အင်တာဗျူးကိစ္စကို ကျွန်တော်မေ့လိုက်ပါပြီ။ ကွင်းထဲမှာ မြင်ရတဲ့အရာကိုပဲ ကျွန်တော်ကြည့်မှာပါ" ဟု အာမိုရင်မ်က Sky Sports သတင်းဌာနသို့ ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ခရစ္စမတ်ကာလမတိုင်မီ အဆင့် ၁၃ နေရာရောက်ရှိနေပြီး ဖာဂူဆန်စတင်ကိုင်တွယ်သည့် ၁၉၈၆ ခုနှစ် တွင် အဆင့် ၁၅ နေရာ ရပ်တည်ခဲ့ပြီးနောက်ပိုင်း အနိမ့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
