အာဆင်နယ်က သွင်းဂိုးတွေနဲ့ ပေါက်ကွဲပြနေပြီ။ ဂိုးမိုးခေါင်ခဲ့တဲ့ဂျေးဇူးက အာဆင်နယ်အတွက် ဂိုးတွေတသွင်သွင် စီးဆင်းစေခဲ့တာပါပဲ။ ဂျေးဇူးကရက်ပိုင်းအတွင်းမှာပဲ ခရစ္စတယ်ပဲလေ့စ်ဘက်ကို ငါးဂိုးသွင်းယူပြခဲ့တယ်။ ခရစ္စတယ်ပဲလေ့စ် နဲ့ လိဂ်ဖလားကွာတားဖိုင်နယ်မှာ ဂျေးဇူးကယ်လို့ အာဆင်နယ်နိုင်ပွဲနဲ့ လွတ်မြောက်ခဲ့သလို၊ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ဂျေးဇူးက ခရစ္စတယ်ပဲလေ့စ်ဘက်ကို ခပ်စောစောဂိုးသွင်းလိုက်လို့ အာဆင်နယ်ရဲ့နိုင်ပွဲက လွယ်ကူခဲ့တာပါ။ ဂျေးဇူးက "အစောပိုင်းမှာဂိုးရ လိုက်တာ တကယ်အရေးပါတယ်။ ကျွန်တော်တို့ တစ်သင်းလုံးက ကစားပုံကောင်းပြီး တိုက်ပွဲဝင်ဖို့အသင့် ဖြစ်နေတာပါ။ ခရစ္စတယ်ပဲလေ့စ်က အရည်အသွေးမြင့် ကစားသမားတွေနဲ့ အားကောင်းတဲ့အသင်းပါ။ သူတို့နဲ့ရင်ဆိုင် ရတာ ခက်ခဲပြီးကျွန်တော်တို့အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဂိုးတွေသွင်းနိုင်လို့လည်း ကျွန်တော်ပျော်ပါတယ်။ ကျောနံပါတ် ၉ ကစား သမားဆိုတာ ဂိုးသွင်းဖို့အတွက် အမြဲတမ်းဖိအား ရှိနေတယ်"လို့ ကြည်နူးစွာပြောတယ်။ အာဆင်နယ် နည်းပြအာတီတာက ဂျေးဇူးနဲ့ပတ်သက်ပြီး "ပြီးခဲ့တဲ့ပွဲပြီးကတည်းက ဂျေးဇူးကဂိုးသွင်းဖို့ အသင့်ရှိနေတာပါ။ ဂျေးဇူးကိုကျွန်တော်သံသယမဝင်ပါဘူး။ အခုလို သွင်းဂိုးတွေနဲ့အရှိန်ရနေချိန်မှာ သူ့ကို ပုံမှန်ပွဲထွက်ခွင့်ပေးလိုက်ရုံနဲ့ အကျိုးရှိမှာပါ"လို့ ချီးကျူးတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
