ဒီအချိန်က ပရီးမီးယားလိဂ်ရဲ့ ပွဲတော်ကာလ Festive Period လို့ သတ်မှတ်ကြပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော် ကာလအတွင်း ဘောလုံးပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ကစားနေရတာကြောင့်ပါ။ ဥရောပထိပ်သီးလိဂ်အတော်များများကတော့ ဒီအချိန်မှာ ဆောင်းခိုရပ်နားလေ့ရှိပါတယ်။ ဒီနှစ်မှာ စပိန်လာလီဂါ၊ ဂျာမန်ဘွန်ဒစ်လီဂါနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲတွေက ဒီဇင်ဘာ ၂၂ ပွဲစဉ်တွေအပြီးမှာ အနားပေးခဲ့ကြပြီး ဇန်နဝါရီ ပထမပတ်နဲ့ ဒုတိယပတ်မှာမှ ပြန်ကစားကြရမှာပါ။ အီတလီစီးရီးအေကတော့ ပရီးမီးယားလိဂ်ကို တုပပြီး ဒီကာလအတွင်းမှာ ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အစဉ်အလာကြီးမားတဲ့ ပရီးမီးယားလိဂ်နဲ့တော့ ယှဉ်နိုင်ဖို့ ခက်ပါတယ်။ Festive Period ဆိုတာက ပရီးမီးယားလိဂ်အတွက်တော့ အသားကျနေတဲ့ ပွဲကျပ်ကာလတစ်ခုလို့ ဆိုနိုင်ပါတယ်။ ကစားသမားတွေရဲ့ ပွဲပန်းမှုအပေါ် ဝေဖန်ပြစ်တင်မှုတွေ များလာတာကြောင့် ဒီနှစ်မှာ အသင်းတိုင်း တစ်ပွဲနဲ့ တစ်ပွဲကြား အနည်းဆုံး နာရီ ၆၀ နားချိန်ရအောင် စီစဉ်ပေးထားပေမဲ့ ၃ ရက် တစ်ပွဲနှုန်းလောက်တော့ ယှဉ်ပြိုင်ကစားရတာပါပဲ။ ဒါကြောင့် ခြေချော်မှားယွင်းမှုတွေကို မြင်တွေ့ရတတ်တဲ့ ကာလတစ်ခုလည်းဖြစ်ပြီး ဒီကာလအတွင်းမှာ ရာသီတစ်ဝက်ကျိုးမှာကြောင့် ရာသီဝက်ချန်ပီယံဘွဲ့ကို ဘယ်အသင်းဆွတ်ခူးနိုင်မလဲ ဆိုတာကိုလည်း စောင့်ကြည့်ရင်ခုန်ရမှာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
